Part 33

10.3K 1.3K 64
                                    

💬 အလုပ်ကနေအရေးတကြီးလှမ်းခေါ်လို့ အစ်ကိုပြန်ပြီနော်ကလေး၊ ကျန်းမာရေးဂရုစိုက်

နေ့လည်စာစားနေချိန် ဝင်လာတဲ့မက်ဆေ့သံကြောင့်ဖွင့်ဖတ်လိုက်တော့ အစ်ကိုသွေးသစ်ဆီကဖြစ်နေသဖြင့် အံ့သြသွားရသည်။ သဘက်ခါလောက်မှပြန်မယ်လို့သိထားတာ​လေ။ ပြန်ရင်ထည့်ပေးလိုက်ရန်အကြော်အလှော်တွေအတွက် ကြီးကြီးကိုတောင်သေချာလုပ်ပေးဖို့မှာထားပြီးသားကို ရုတ်တရက်ပြန်သွားတယ်ဆိုတော့ဘာများဖြစ်လို့လဲစိုးရိမ်စိတ်နှင့်ဖုန်းဆက်လိုက်မိတော့လူကြီးမင်းနှင့်တိုးနေ၏။

စိတ်ကမတင်မကျနှင့်ကိုနေ့ကိုဆက်ပြီးလှမ်းမေးတော့မှ တကယ်ပြန်သွားပြီဆိုတာကိုအတည်ပြုလိုက်ရသည်။ ထိုအခါမှအတွေးတွေကနောက်သို့တစ်ကျော့ပြန်၏။

မနေ့ညနေကိုနေတို့အိမ်မှာ အိပ်ရာကနိုးလာတော့လည်းအစ်ကိုအပြင်သွားနေတယ်ဆိုသောကြောင့် နှုတ်တောင်မဆက်ခဲ့ရဘဲပြန်လာခဲ့ရသည်။ မကြည်လင်သောခေါင်းကြောင့်အိမ်ရောက်တော့လည်းညနေစာစားပြီး ဆေးသောက်ကာထိုးအိပ်လိုက်၏။

မနက်ကျောင်းသွားခါနီးဖီးလိမ်းပြင်ဆင်တော့မှ နှုတ်ခမ်းထောင့်ကအနည်းငယ်သွေးစို့နေတဲ့ဒဏ်ရာလေးကိုတွေ့လိုက်ရသောကြောင့် တွေတွေကြီးရပ်ကာစဉ်းစားနေမိ၏။ Club ကိုသွားပြီးသုံးယောက်သားအကြိုက်သောက်စားပြီး မီးကုန်ရမ်းကုန်ပျော်မြူးခဲ့တာတော့မှတ်မိနေပါသည်။ သို့သော် ကားပေါ် ဘယ်လိုရောက်လာပြီးကိုနေ့တို့အိမ်ကိုဘယ်သို့ပြန်ရောက်လာလဲဆိုတာကိုတော့ အသိကခပ်ဝါးဝါး။

ကုတင်ပေါ်ထိုင်ရင်း မျက်မှောက်ကိုကျုံ့ကာ အသည်းအသန်ပြန်စဉ်းစားရသည်။ နှုတ်ခမ်းကဒဏ်ရာကိုအသာတို့ထိကြည့်လိုက်မိတော့ နာတော့မနာပါ။ တစ်ခုခုနှင့်ထိခိုက်မိခဲ့တာလားစဉ်းစားနေရင်းမှ အင်မတန်ကောင်းတဲ့မှတ်ဉာဏ်က ပုံရိပ်တစ်ချို့ကိုဝိုးတဝါးမြင်ယောင်လာမိချိန်မှာတော့ တစ်ကိုယ်လုံးပူနွေးလှိုက်ဖိုသွား၏။

တော်တော်မူးနေခဲ့တာမှန်ပေမဲ့ အဖြစ်အပျက်အလုံးစုံကိုတော့မေ့မသွားခဲ့ပါ။ ရီဝေဝေခံစားမှုတွေနှင့် မူးယစ်နေခဲ့တဲ့အသိတရားကြားက တစ်နေရာထဲကွက်ပြီးမှတ်မိလိုက်တာ​တော့ ​တေု်တော်ဆိုးပါသည်။ ဘယ်သူမှမသိနိုင်ဘူးဆိုပေမဲ့ ပြန်စဉ်းစားမိချိန်မှာတော့အခုလေးတင်ဖြစ်ပျက်သွားသလိုခံစားချက်တို့နှင့် သွေးလှည့်ပတ်မှုတို့ကဖျင်းခနဲပူထူလာ​လေသည်။

ဆုံစည်းခွင့်Where stories live. Discover now