Part 36

10.5K 1.3K 82
                                    

ကျောင်းစာတွေကြည့်နေစဥ် ဝင်လာသောဖုန်းမက်ဆေ့အသံလေးကြောင့် ဖွင့်ဖတ်လိုက်မိတော့...။

💬ညနေ၆နာရီ ကိုမြတ်တို့ဆိုင်မှာဆုံကြမယ်။ နောက်မကျစေနဲ့

ဒီနေ့စနေနေ့ဖြစ်သောကြောင့် ကျောင်းမသွားရပါ။ အစ်ကိုကလည်းအလုပ်ဝင်ပြန်ဝင်နေပြီဖြစ်၍ ဖလန်းဖလန်းလည်းသိပ်ထလို့မရတော့။ နားရက်တွေတုန်းက သုံးယောက်သားလည်ပတ်စားသောက်ရင်းလမ်းတွေများခဲ့ပါသောကြောင့် ဘယ်မှမသွားရချိန်တွင်ပျင်းပျင်းနှင့် အတိုးချကာစာထိုင်ကျက်နေရသည်။

သို့သော် စာဆိုသည်မှာလည်းကြာကြာမျက်နှာကြောတည့်သည့်အရာမဟုတ်လေတော့ အချိန်များများမပေးနိုင်ပြန်ပါ။ သွားလာနေကျလူတွေနှင့်မဟုတ်လျှင် မလည်ပတ်တတ်သောကျွန်တော်က အိမ်မှာနေချိန်ကပိုများ၏။ 

ကျောင်းပိတ်ရက်တွေမှာဆို ကြီးကြီးကစားစရာတွေကိုအထူးတလည်စီမံပေးတတ်သလို တစ်ပတ်လုံးကြည့်မယ်စိတ်ကူးထားသော Movies ကြွေးတွေကိုအကျေဆပ်ရပြန်သေးသဖြင့် အပြင်ကိုသိပ်မထွက်ဖြစ်တာလည်းပါ၏။

သို့ပေမဲ့ ရန်ကုန်ကိုအစ်ကိုအလုပ်ပြန်ပြောင်းလာခါမှ ကျွန်တော်မှာအိမ်မကပ်ချင်သောရောဂါက စလာသည်။ ကိုနေတို့ကလည်းဘယ်သွားသွားလှမ်းခေါ်တတ်သောကြောင့် အကျင့်ကပါနေတယ်ထင်ပါရဲ့။ 

အစ်ကိုကမနက်ပိုင်းဂျူတီကျတဲ့အပတ်ဖြစ်၍ ညနေ ၄ နာရီဆိုအလုပ်ချိန်ပြီးပြီဆိုတာ အစ်ကို့ဂျူတီချိန်တွေကိုလေ့လာထားတဲ့ကျွန်တော်ကသိနှင့်ပြီးသား။ ညနေကိုမြတ်တို့ဆိုင်မှာဆုံမယ်သိလိုက်သည်နှင့် လူကတက်ကြွသွား၏။

လာမယ်ဆိုတဲ့အကြောင်းမက်ဆေ့ပြန်ပို့ပေးလိုက်ပြီးမှ အစ်ကို့ကိုသွားကြိုပြီးအတူသွားရင်ကောင်းမလားအတွေးကဝင်လာတော့ အစ်ကို့ဆီမက်ဆေ့နှင့်လှမ်းမေးထားလိုက်သည်။ အစ်ကိုကအလုပ်နေရာပြောင်းခြင်းတွင် ရာထူးလည်းတစ်ဆင့်တိုးခဲ့သောကြောင့် အရင်ကထက်အလုပ်မှာပိုအာရုံစိုက်ရ၏။

တာဝန်ယူမှုအပိုင်းလည်းပိုလာခြင်းကြောင့် တာဝန်ချိန်အတွင်းဖုန်းအနားမထားတတ်တာကိုသိထားသဖြင့် စာနှင့်သာလှမ်းပြောထားလိုက်ရခြင်းဖြစ်သည်။

ဆုံစည်းခွင့်Where stories live. Discover now