Part 26

10.3K 1.3K 82
                                    

အပြန်လမ်းတွင်ကလေးက သူတစ်လှည့်မောင်းပေးမယ်ဆိုသော်လည်း ပေးမမောင်းခဲ့ပါ။ တစ်နေ့လုံးကားမောင်းခြင်းနှင့်အသားကျနေတဲ့ကျွန်တော်က သည်ခရီးလောက်လေးကိုပင်ပန်းတယ်လို့ပင်စိတ်ထဲမမှတ်ပါ။ 

မပင်ပန်းပေမဲ့လည်း ဘေးကဗီတာမင်လေးကိုလှည့်လှည့်ပြီးကြည့်ရသေးတာပေါ့။ ဘယ်အချိန်ကတည်းကထည့်ယူလာတယ်မသိသော မုန့်မျိုးစုံထည့်ထားသည့်အထုပ်တစ်ထုပ်က ကလေးပေါင်ပေါ် တွင်ရောက်နေ၏။

သူလည်းစားသလို ကျွန်တော့်ကိုလည်းကျွေးနေသေးသည်။ ပေါက်ပေါက်စစလေးတွေစားနေမကျလို့ မစားချင်ဘူးပြောလည်းမရ။ လူလေးလှသလိုစိတ်ထားလေးလည်းအင်မတန်ချစ်စရာကောင်းတဲ့ကောင်လေးက တစ်ယောက်ထဲမစားတတ်ပါဘူးတဲ့။ 

မုန့်တွေကိုနှုတ်ခမ်းနားထိ လာလာခွံ့ကျွေးနေတတ်၏။ မျက်နှာနားရောက်ရောက်လာတဲ့လက်ဖောင်းဖောင်းဖြူဖြူလေးကို အသည်းယားလွန်းလို့ကိုက်ချင်လိုက်တာမှ စိတ်ထိန်းနေရသည်။

"အစ်ကို ဟပါဦး"

အသံနှင့်အတူ နှုတ်ခမ်းအနီးရောက်လာပြန်တဲ့လက်ဖောင်းဖောင်းလေးတစ်ဖက်။

"တော်ပြီကလေးရာ၊ ကလေးဘာသာစားပါတော့၊ ပါးစပ်ထဲလည်းအရသာတွေစုံနေပြီ။ မစားတော့ဘူးနော် "

"မရဘူး ဟဆိုဟ၊ နှစ်ယောက်ထဲရှိတာကျွန်တော်ပဲထိုင်စားနေတော့ တရားပါ့မလား။ ကားလည်းမောင်းပို့ပေးရသေးတာကို"

"အင်းလေ...အဲဒါကြောင့်စားပေးတယ်လေ။ ကလေးဟာကကုန်ပဲမကုန်နိုင်တော့ဘူး၊ တစ်ထုပ်ပြီးတစ်ထုပ်၊ ပြီးတော့အရသာတွေကလည်းမတူဘူး။ ချိုဆိမ့်ချဉ်ငံစပ်စုံနေပါရောလား။ အစ်ကို့ပါးစပ်ထဲလည်းအရသာတွေရောကုန်ပြီ"

ကျွန်တော့်စကားကိုကြားတော့ ကလေးကသဘောကျစွာတခိခိရယ်ရင်းမှ ရေဗူးလေးထိုးပေးလာရင်းဆိုပြန်၏။

"ဒါဆိုရေအရင်သောက်လိုက်ဦး။ မုန့်စားပါတယ်ဆိုမှ အရသာတစ်မျိုးထဲစားစရာလား။ စုံနေအောင်စားမှမုန့်စားတယ်ခေါ်တာပေါ့အစ်ကိုရ"

"ဘယ်သူပြောတာလဲ"

"ကျွန်တော်ပြောတာ"

ပြောလည်းပြောတတ်ပါတယ်။ ဘယ်လိုနေနေဘယ်လိုပြောပြော ကျွန်တော့်မျက်လုံးထဲချစ်စရာကောင်းနေတာပါပဲ။

ဆုံစည်းခွင့်Where stories live. Discover now