Part 16

10.5K 1.4K 55
                                    

ကားကိုဆေး ၁ ကျောင်းဝန်းအတွင်းရှိကားပါကင်တွင်ရပ်လိုက်ပြီး ကားပေါ်မှဆင်းခဲ့၏။ ဒီနေ့ညနေခင်းပိုင်း သူ့ကျောင်းလာခဲ့ရန်ချိန်းဆိုထားသောသာလွန်နေ့ကြောင့် ကျောင်းဝန်းထဲရောက်လာရခြင်းဖြစ်သည်။ 

ကားပါကင်တွင်ရပ်ထားသည့် အနည်းငယ်သာရှိတော့သောကားများထဲတွင် သာလွန်နေစီးနေကျကားကိုမတွေ့ရ။ ကားအတွင်းမှဖုန်းကိုလှမ်းယူလိုက်ပြီးခေါ်ဆိုလိုက်ချိန် တော်တော်ကြာကြာခေါ်သည့်အထိမကိုင်။ လူကိုခေါ်တုန်းကခေါ်ပြီးဘယ်ရောက်နေပြန်လဲမသိ။

ကျောင်းထိလာပြီးတွေ့ဆုံနေကျဖြစ်သောကြောင့် သည်ပတ်ဝန်းကျင်နှင့်စိမ်းသက်မနေပါ။ ကားအတွင်းပြန်ဝင်ထိုင်လိုက်ပြီး သာလွန်နေ့ဆီကိုသာဖုန်းထပ်ခေါ်လိုက်ရသည်။ ထိုစဉ်ပင်မအဆောက်အဦးအတွင်းမှ ကျောင်းသားတစ်စုထွက်လာသည်ကိုလှမ်းမြင်လိုက်၏။ အဝေးကနေတောင်မှတ်မိနေတတ်သောပုံရိပ်လေးကို အမှတ်မထင်တွေ့လိုက်သဖြင့်တိတ်တဆိတ်ငေးကြည့်နေမိသည်။

ရှပ်အင်္ကျီလက်ရှည်အပြာနုနုလေးကို အနက်ရောင်စတိုင်ပင်လေးနှင့်တွဲဝတ်ထားသောရှိုင်းက ကျွန်တော့်ကိုမမြင်ပါ။ အတန်းဖော်ဖြစ်ဟန်တူသောကျောင်းသားနှစ်ဦးနှင့် စကားရပ်ပြောနေ၏။ လက်ထဲကိုင်ထားသောဖိုင်အပြာလေးထဲက စာရွက်တစ်ချို့ကိုထုတ်ပေးပြီးနှုတ်ဆက်လမ်းခွဲကာကားပါကင်ရှိရာလျှောက်လာသည်။

သာလွန်နေ့ဆီကိုအလည်လာရင်း ရှိုင်းနှင့်ကျောင်းကန်တင်းမှာတစ်ကြိမ်တော့ဆုံတွေ့ခဲ့၏။ တခြားသူငယ်ချင်းတွေလည်းပါနေသောကြောင့် အဝေးကနေသာနှုတ်ဆက်လိုက်ရသည်။ ထွေထွေထူးထူးပြောစရာအကြောင်းလည်းမရှိသောကြောင့် သာလွန်နေနှင့်သာစကားထိုင်ပြောနေခဲ့၏။

သို့သော် တစ်ဖက်ဝိုင်းမှကလေးတို့သူငယ်ချင်းတစ်သိုက်ကို မကြာခဏဆိုသလိုမသိမသာလှမ်းကြည့်နေမိသည်။ ကလေးကနှုတ်ဆက်ပြုံးပြ​နေပေမဲ့ ကျွန်တော်ကတော့ကလေးဘေးကကျောင်းသူလေးကို အကဲခတ်နေမိ၏။ ဆံပင်ဂုတ်ဝဲလေးနှင့်ဖြူနုအောင်လှပသောထိုကျောင်းသူလေးသည် လိုတာထက်ပိုပြီးကလေးအနားကိုကပ်လွန်းနေသလိုပဲ။

ဆုံစည်းခွင့်Where stories live. Discover now