Part 2

25.2K 2.3K 50
                                    

ခင်နံ့သာ

Facebook ထဲဝင်ပြီး New feed ကိုအပေါ်အောက်ဆွဲချရင်းအချိန်ဖြုန်းနေခဲ့သည်မှာ တော်တော်ကြာနေခဲ့ပြီ။

ယခုအချိန်ထိငြိမ်သက်တိတ်ဆိတ်နေသောရှိုင်းကိုငဲ့ကြည့်လိုက်မိချိန် ရှေ့တည့်တည့်ကိုငေးငိုင်ကာကြည့်နေသောမျက်ဝန်းတစ်စုံမှ တလိမ့်လိမ့်ကျဆင်းလာသောမျက်ရည်စက်များကိုတွေ့လိုက်ချိန် ဖျတ်ခနဲပေါ်လာသောအသိကြောင့် လက်မောင်းတစ်ဖက်ကိုကိုင်ကာမေးလိုက်မိသည်။

"ဟိုအစ်ကိုလားဟင်။ နင်ပြောပြတဲ့လူကိုတွေ့လိုက်လို့လား"

ခေါင်းကိုအသာငြိမ့်ပြလာချိန်တွင် ကားထဲမှထွက်ကာ Junction ထဲပြေးဝင်ရှာရတော့မလိုလိုဗျာများသွား၏။

ဪ ငါ့နှယ်၊ သူပြောလို့သာသိရတာ၊ လူမပြောနဲ့နာမည်တောင်မှမသိတဲ့ဟာကိုနော်။

ဘယ်လိုစကားဆက်ရမှန်းလည်းမသိသောကြောင့် ရှိုင်းကိုသာတိတ်တဆိတ်ထိုင်ကြည့်နေမိသည်။

ယောက်ျားတစ်ယောက်အသံမထွက်ဘဲရှိုက်ငိုခြင်းကို နံသာမမြင်ခဲ့ဖူးပါ။ ရုပ်ရှင်တွေထဲမှာလွဲပြီးပေါ့လေ။ အခုငိုနေတာက အမြဲပြုံးရွှင်ပြီးပျော်ပျော်နေတတ်တဲ့ငယ်သူငယ်ချင်းလေးတစ်ဦး။ သူဘယ်လောက်စိတ်ထိခိုက်ခံစားနေရလဲမသိပေမဲ မြင်ရတွေ့ရသည်ကစိတ်မချမ်းသာစရာကောင်းလှသည်။

ဝိုင်းစက်နေသောမျက်ဝန်းတွေနှင့်မိန်းကလေးတစ်ယောက်မှာတောင်ရှားပါးလွန်းတဲ့ မျက်တောင်ထူထူကော့ကော့လေးတွေကြားကနေ မျက်ရည်စတွေစီးကျနေပုံကကြည့်လို့တောင်ကောင်းနေသလိုလို။

ပုံကျသပ်ရပ်လွန်းတဲ့နှာတံစင်းစင်းအောက်က ကျန်းမာသောနီတျာတျာနှုတ်ခမ်းတစ်စုံခမျာ သွားနှင့်ကိုက်ခြေခြင်းခံထားရသောကြောင့်နီမြန်းနေ၏။ အသံမထွက်ဘဲကျိတ်ကာငိုရှိုက်နေပုံက ရင်နင့်စရာကောင်းနေသည်။

သူငိုတာထိုင်ကြည့်နေရင်း ယောက်ျားတစ်ယောက်ဒီလောက်အပြစ်ကင်းကင်းနဲ့ကြည့်လို့လှသလားတွေးမိပြန်၏။ မူလတန်းထဲကခင်မင်ခဲ့ကြသူများဖြစ်သောကြောင့် အရေးတယူလုပ်ပြီးစေ့စေ့မကြည့်ခဲ့ဖူးပါ။ State ကျောင်းပြီးလို့တက္ကသိုလ်တက်ချိန်တွင် ကျောင်းချင်းမတူခြင်းကြောင့်အမြဲမတွေ့ခဲ့ကြပေမဲ့ တစ်ခါတစ်ရံဆုံတွေဖြစ်ခဲ့သည်။

ဆုံစည်းခွင့်Where stories live. Discover now