Part 32

10.3K 1.3K 198
                                    

"အစ်ကိုရေ၊ ဒီ Lock ချထားတဲ့ဖိုင်နှစ်ခုကဘာတွေလဲဟင်"

စားပွဲခုံပေါ်တွင်တင်ထားသော ကျွန်တော့်Lap Top ကိုကလိနေပြီဆိုကတည်းက ရင်တမမဖြစ်နေမိစဉ်ထင်သည့်အတိုင်း လျှောက်မွှေနေရင်းမှကလေးကမေးလာပါတော့သည်။ 

မေးလာတဲ့ဖိုင်နှစ်ခုမှာ တစ်ခုကသူ့ဓာတ်ပုံလေးတွေစုစည်းသိမ်းဆည်းထားသည့်ဖိုင်ဖြစ်ပြီး တစ်ခုမှာသာလွန်နေထည့်ပေးထားတဲ့ Brokeback Mountain စတဲ့လိင်တူရုပ်ရှင်ကားတစ်ချို့ထည့်ထားတဲ့ဖိုင်ပါ။ နှစ်ခုစလုံးကလေးသိဖို့လုံးဝမဖြစ်နိုင်ပါ။ ဘယ်လိုဖြေရမလဲအမြန်စဉ်းစားနေစဉ်...။

"ညာဖို့ကြံမနေနဲ့နော်။ မညာတတ်တဲ့ရုပ်နဲ့လုပ်စားချင်မနေနဲ့၊ ပြောပါ Password"

လူလည်လေးကညစ်ကျယ်ကျယ်ဆိုရင်း Password ကိုအော်တောင်းနေပါတော့သည်။ ခေါင်းကိုကုတ်ရင်းအကြံအိုက်နေမိစဉ်.သာလွန်နေရေချိုးခန်းထဲကထွက်လာ၏။ ဒီည Club သွားမယ်စီစဉ်ထားလို့ ကလေးကညနေ ၆ နာရီထဲရောက်နေခြင်းပါ။

ရောက်ကတည်းကဂိမ်းဆော့နေရင်းစကားတွေလည်းများနေသေးသည်။ ကျွန်တော်ကတော့ပြန်ခါနီးပြီဖြစ်၍ ပစ္စည်းတစ်ချို့ကိုကြိုတင်သိမ်းဆည်းရင်း ကလေးရဲ့ရောက်တတ်ရာရာစကားတွေကိုဖော်လိုလိုက်နေရသည်။ ဂိမ်းဆော့ပြီးချိန်မှဘကျွန်တော့် PC ဘက်သူလှည့်သွားတာ။ ကြိုကြိုတင်တင်သိမ်းမထားမိခဲ့တဲ့ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်မိသည်။

"ချိုးကြတော့လေ။ ၉ နာရီလောက်ထွက်ကြမယ်၊ ပြင်ဦးဆင်ဦးမှာနဲ့လုပ်ကြတော့လေကွာ"

အိမ်နေရင်းဝတ်စုံတစ်စုံလဲလှယ်ရင်းသာလွန်နေကလှမ်းပြော၏။ လွတ်ရာလွတ်ကြောင်းရေချိုးခန်းဘက်ဆီမယောင်မလည်ခြေလှမ်းပြင်မိချိန်တွင်...။

"အစ်ကိုနေဦး။ မပြောချင်ရင်လာရိုက်ထည့်ပေး"

ဂျစ်ကောင်လေးကဇွဲမလျော့။ သာလွန်နေကမျက်ခုံးပင့်ပြီးမေးလာချိန် ခေါင်းကိုယမ်းပြလိုက်ရင်း...။

"နောက်မှနော်ကလေး၊ ခုတော့မဖြစ်သေးဘူး"

"အစ်ကိုနော်၊ မရဘူး ခုဆိုခုပဲ။ ပြောလေ Password"

ဆုံစည်းခွင့်Where stories live. Discover now