Part 31

10.3K 1.3K 52
                                    

Duty ချိန်ကနေ့လည်ပိုင်းမှဖြစ်၍ Laptop ကိုဖွင့်ကာဆရာရိုက်ခိုင်းထားသော Menu တွေနှင့် Recipes အသေးစိတ်များကိုအကြမ်းတွက်ချက်ထားတဲ့စာရွက်ကနေ ကွန်ပြူတာထဲအချောပြန်ရိုက်ထည့်နေရင်း အားလုံးပြီးစီးသွားချိန်တွင်လူလည်းညောင်းချိသွားပါတော့သည်။

သင်ဖျူးဖျာချောလေးခင်းထားသောကုတင်လေးပေါ် လဲလျောင်းလိုက်ရင်းမှ Wall paper ကိုလှမ်းကြည့်မိလိုက်၏။ ပါးချိုင့်လေးတစ်ဖက်ခွက်ဝင်နေအောင်ပြုံးရယ်နေသော ဂျူတီကုတ်အဖြူရောင်လေးနှင့်ကောင်လေးတစ်ယောက်ရဲ့ပုံရိပ်လေးက ကျွန်တော့်နေ့ရက်တွေရဲ့ရွှေရင်အေးလေး။

ရန်ကုန်ကပြန်လာပြီးကတည်းက အဆက်အသွယ်မပြတ်ရှိနေ​ကြသည်။ Social Media ကျေးဇူးနှင့်အဆင်တွေပြေနေတယ်ဆိုပေမဲ့ တမင်ရှောင်ဖယ်မနေချင်တော့လို့ အလိုက်သင့်​လေးနေလိုက်ခြင်းပါ။ ခင်မင်ရင်းစွဲရှိနေသောပတ်သက်ဆက်နွယ်နေတဲ့ဆက်ဆံရေးတစ်ခုကို တစ်ဖက်သတ်ကြီးပြတ်စဲလိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့တွေးမိခဲ့တဲ့နောက် ပြန်​​ဆက်သွယ်ခဲ့မိ၏။

ခံစားချက်​တွေကပြောင်းလဲမသွားဘူးဆိုပေမဲ့ ကလေးမသိအောင်ဖုံးကွယ်သိုဝှက်ထားလိုက်ဖို့ပဲဆုံးဖြတ်လိုက်ပြီးမှရှေ့ဆက်လိုက်ရခြင်းမျိုး။ ရန်ကုန်နှင့်နေပြည်တော်ရယ်အလှမ်းကွာဝေးနေတော့လည်း ထင်သလောက်တော့မခက်ခဲခဲ့ပါ။ ကလေးကလည်းအတန်းကြီးလာတော့ ကျောင်းစာတွေနှင့်လုံးချာလည်လိုက်ပြီး သိပ်တောင်ဂျီမကျအားတော့ပါ။

ကလေးကည ၉ နာရီနောက်ပိုင်းမှ အင်တာနက်အသုံးပြုတတ်သူဖြစ်၍ ညနေပိုင်းဂျူတီကျတဲ့ရက်တွေမှာတော့မတွေ့ရတတ်ပါ။ တိုက်တိုက်ဆိုင်ဆိုင်အသုံးပြုချိန်တူသွားရင်တော့ စကားတွေပြောဖြစ်ကြ၏။ များသောအားဖြင့်ကလေးကပြောတာများပြီး ကျွန်တော်ကနားထောင်ပေးသူသက်သက်သာ။ တစ်ခါတစ်လေကျွန်တော့်ရဲ့လုပ်ငန်းခွင်နှင့် တစ်နေ့တာလည်ပတ်မှုလေးတွေကိုစပ်စုမေးမြန်းတတ်သေးသည်။

အမြဲတမ်းတက်ကြွလန်းဆန်းနေတဲ့ကလေးရဲ့ပုံရိပ်လေးတွေ၊ စကားသံ​လေးတွေနှင့် အထီးကျန်နေ့ရက်ပေါင်းများစွာကိုကုန်လွန်စေခဲ့သည်။ ဒီလိုနှင့် နှစ်ယောက်ကြားကသံယောဇဉ်ကြိုးတို့ဟာခိုင်မာသထက်ခိုင်မာလာခဲ့ပြီး ရှေ့လည်းမတိုး၊ နောက်လည်းမဆုတ်အနေအထားနှင့် ရက်ပေါင်းလပေါင်းများစွာကိုဖြတ်ကျော်ကုန်လွန်ခဲ့ပါတော့သည်။

ဆုံစည်းခွင့်Where stories live. Discover now