Part 34

9.6K 1.3K 62
                                    

ကွန်ပျူတာကိုဖွင့်ပြီးလိုင်းပေါ်တက်လိုက်ချိန် မီးစိမ်းရန်ခဲယဉ်းလှသောအကောင့်လေးက ယနေ့တွင်လည်းမီးမလင်းပြန်ပါ။

မိတ်ဆွေများ၏ Post တွေကိုလိုက်ကြည့်နေလျှက်မှ အစ်ကို့​ရဲ့ Wallထဲကိုဝင်ကြည့်လိုက်မိပြန်သည်။ မိတ်ဆွေအယောက် ၃၀လောက်သာရှိသောအကောင့်လေးက စည်စည်ကားကားမရှိပါ။ Profile ပုံကလွဲလို့ လူပုံမတင်တတ်သောအစ်ကိုက Cooking နှင့်ပတ်သက်သော Page​ တွေကို Likeလုပ်ထားတတ်၏။

ထူးထူးခြားခြားချက်သောဟင်းပွဲလေးများကို ရံဖန်ရံခါရိုက်တင်တတ်ပါသည်။ ဘုန်းတော်ကြီးများ၏အဆိုအမိန့်များနှင့်ကဗျာလေးတွေဘာတွေကိုတော့တစ်ခါတစ်ရံ Share တတ်တာကလွဲ​ပြီး အစ်ကို့အကောင့်လေးကတိတ်ဆိတ်ငြိမ်သက်နေတတ်၏။

အားသောအချိန်အခါမျိုးတွေတွင် Message box က​နေစကားတွေအပြန်အလှန်ပြောတတ်ကြပေမဲ့ ကျွန်တော်ကသာပြောရတာများပါသည်။ စကားနည်းလှသောအစ်ကိုက စာရေးရမှာလည်းပျင်းပုံရ၏။ တစ်ခါတစ်လေ Video Call ခေါ်ပြီးပြောတဲ့အခါမှာလည်း ပြောသမျှစိတ်ဝင်တစားနားထောင်ပြီးစိုက်ကြည့်နေတတ်သည်။

ဒီလိုပြောလို့အမူအရာတွေ ဆက်ဆံပုံတွေကအေးစက်နေမယ်လို့တော့မထင်လိုက်ကြပါနဲ့။ နွေးထွေးတဲ့အကြည့်တွေ၊ အပြောတွေနှင့် ပြောသမျှအရာအားလုံးကိုစိတ်ဝင်တစားနားထောင်တတ်တဲ့ပုံက စိတ်လိုလက်ရရှိတယ်ဆိုတာကိုတော့သိမြင်ခံစားနေရသည်။

Club မှာဖြစ်ပျက်ခဲ့တာ​တွေကိုမမှတ်မိလောက်ဘူးဆိုတာကို အစ်ကို့ရဲ့အရင်အတိုင်းအခင်အမင်မပျက်ဆက်ဆံနေတဲ့ပုံကိုအကဲခတ်ကာ ကောက်ချက်ချခဲ့မိ၏။ ထိုအခါမှစိတ်ကိုဒုံးဒုံးချပြီး အစ်ကိုနှင့်အလျင်အတိုင်းပြန်လည်ပြောဆိုဆက်ဆံနိုင်ခဲ့၏။ ရှက်စရာကောင်းတဲ့ခံစားချက်ကြီးကိုတော့ တမင်ကိုမေ့ဖျောက်ထားခဲ့ရတာပေါ့လေ။

အစ်ကိုကတစ်ခါတစ်လေ အလွန်နားလည်ရခက်သည်။ ပင်ကိုယ်အနေအေးတတ်တာကိုသိခဲ့လို့သာ သူနေတတ်သလိုနေပါစေဆိုပြီးနားလည်ပေးခဲ့ရပေမဲ့ မြုံစိစိနိုင်တတ်ပုံကြောင့် အားမလိုအားမရဖြစ်ခဲ့ရတာအခါခါ။

ဆုံစည်းခွင့်Where stories live. Discover now