အပိုင်း ၃၅း အဖိုးတန်ကောင်လေး

1.5K 122 3
                                    

Unicode Version

အချိန်အတော်ကြာ ထိုအရာကို ပြုလုပ်ပြီးနောက် ရှန်ယုတကိုယ်လုံး အရည်တို့ဖြင့် ပေပွနေကာ မောဟိုက်နေတော့သည်။ ရှန်ယု မျက်နှာက နီရဲနေသေးကာ ရင့်မှည့်နေသောသစ်သီးလိုပင်။ သူ့တကိုယ်လုံး နုံးချိနေပြီး လှုပ်ရှားဖို့ပင် ပျင်းရိနေသည်။ သူတို့ ထိုအရာကို လုပ်နေသည်မှာ ညအခါပင် ‌ရောက်နေလေပြီ။

အစေခံတို့က အိမ်တော်ကို ဖယောင်းတိုင်မီးများပင် ထွန်းထားကာ အိမ်တော်တစ်ခုလုံးက လင်းထိန်နေသည်။ ရှန်ယု သူ့ကိုယ်ပေါ်အနာတို့ကို ကြည့်ကာ ဖြူဖျော့သွားလေသည်။ ချန်ပိုင်ဝမ်က သူ့ကို မလှုပ်ဖို့ ပြောထားကာ သူ့တစ်ကိုယ်လုံးကို သန့်ရှင်းရေးလုပ်ပေးလေသည်။ ထို့နောက် အစေခံတစ်ယောက်က အဝတ်များ ယူလာပေးသည်။ ရှန်ယုက အံ့ဩနေကာ ချန်ပိုင်ဝမ်ကို ကြည့်လိုက်သည်။ အဝတ်က ယောကျ်ားလေးအဝတ်တွေ။

"ငါ ဒီအဝတ်တွေကို မင်းအတွက် မှာထားတာ။ ဒါပေမဲ့ မင်းက မပြောထားဘူးလေ... ပြီးတော့ ငါလည်း မေ့နေတာ"

ယောကျ်ားလေးအဝတ်တွေက ပိုပြီးအဆင်ပြေလေသည်။ ရှန်ယုကလည်း လှပသောမိန်းမဝတ်တို့ကို မကြိုက်။

"ငါကူဝတ်ပေးမယ်"

ချန်ပိုင်ဝမ်က သူ့ကို အဝတ်ကူဝတ်ပေးချင်သည်။ သို့သော် သူက ငြင်းပယ်လေသည်။ ချန်ပိုင်ဝမ်၏လက်တို့က ဓားကိုင်သောလက်ဖြစ်ကာ သူသာ ကူလုပ်ပေးလျှင် ပိုဆိုးလိမ့်မည်။ ထို့အပြင် ချန်ပိုင်ဝမ်က ရှန်ယုကို ထိတွေ့ရသည်ကို နှစ်သက်လေသည်။ ထို့ကြောင့် ရှန်ယုက သူ၏အထိအတွေ့တို့ကို ‌ရှောင်နေလေသည်။ သူက ပုတီးလိုက်ကာအနောက်ကို သွားကာ အကျီသွားဝတ်လေသည်။ ထို့နောက် အဖြူရောင်အကျီနှင့် ကောင်လေးတစ်ယောက် ထွက်လာလေသည်။ သူ့ပုံမှာ ပန်းချီကားထဲက သူတော်စင်နှင့်ပင် တူလှသည်။

မျက်နှာချေတို့ကို သန့်စင်ထားကာ သူ့မျက်ခုံးတို့က ချန်ပိုင်ဝမ်ထက် ပိုပြီးလှပလေသည်။ သူ့မှာ မျက်လုံးလှလှတို့ ရှိကာ ချစ်ခင်စရာ‌ကောင်းပေမဲ့ မိန်းမဆန်သည်တော့မဟုတ်ချေ။ သူ့ကို ကြည့်နေရင်းပင် နောက်နေရာတစ်ခုကို ‌ရောက်သွားသလိုပင် တူလှသည်။

Silent Lover (novel)Where stories live. Discover now