အပိုင်း (၅၀) : မျက်နှာချေ / မျက်နှာချေ

768 70 4
                                    

Unicode Version

ဆုန်ကျွင်းက ထိုအရာကြောင့် ရှန်ယု ရူးသွပ်သွားမည်ဟု ထင်ခဲ့သည်။ သို့သော် သူ ရှန်ယုကို လျှော့တွက်မိသည်။ သူက အရှင့်ကို တွေ့ရန် နားပူနားဆာလုပ်မနေ။ ထို့အပြင် ဝမ်းလည်း မနည်းနေချေ။ သူက နေ့တိုင်း အချိန်မှန်ထ အချိန်မှန်စား အချိန်မှန်ဆေးသောက်ကာ နေခဲ့သည်။ သူ ပို၍တည်ငြိမ်နေလေလေ ဆုန်ကျွင်း ပို၍ စိတ်ပူလေလေပင်။

ထို့အပြင် ရှန်ယုက နေ့တိုင်း အပြင်မှာထိုင်ကာ မျက်နှာချေကို လိမ်းသည်။ မကြိုက်လျှင် ရေနှင့် ဖျက်ကာ ပြန်လိမ်းပြန်သည်။ မျက်နှာပေါ်က မျက်နှာချေက ထူထဲလာကာ နှုတ်ခမ်းနီးက ပို၍ ရဲလာသည်။ သူ၏ မျက်လုံးချယ်ထားသောပုံမှာ ပျံသန်းရန်အသင့်ဖြစ်နေသော လိပ်ပြာလိုပင်။

"မလိမ်းနဲ့တော့" ဆုန်ကျွင်းက ရှန်ယုလက်ကို ကိုင်လိုက်သည်။ ဆုန်ကျွင်းက ဘာကြောင့် မျက်နှာချေကို လိမ်းလိုက် ဖျက်လိုက် လုပ်နေသည်ကို နားမလည်ချေ။

ရှန်ယုက ခေါင်းကိုလှည့်ကာ ပြုံးရင်း "ဘာလို့လဲ? ဆိုးလို့လား?"

ဆုန်ကျွင်းက သူ၏ ထူထဲသော မျက်နှာချေနှင့် နှိုင်းယှဥ်၍ မရအောင် လှပသောသူ့ကို ကြည့်လိုက်သည်။ မျက်နှာချေတို့က ထူလဗျစ် မျက်လုံးချယ်ထားတာက သေချာမပြန့် သူ့ကို ကြည့်ရသည်မှာ ဆပ်ကပ်ထဲက လူရွှင်တော်လိုပင်။ သို့သော်လည်း ထိုအရာတို့က သူ၏ လှပမှုကို ဖုံးမထားနိုင်ချေ။

"ဆိုးတယ်"

ရှန်ယု စိတ်ပျက်သွားပုံရသည်။ သူက ထိုအရာကို အကြိမ်များစွာ ပြုလုပ်ခဲ့သည်။ ဒါတောင်မှ မျက်နှာချေကို ကောင်းကောင်းမလိမ်းတတ််သေးဘူးလား? ‌အိမ်ဖော်ကြီးတွေက သူ့ကို မြန်မြန် သင်ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့တုန်းက ရှန်ယုက ကြောက်လန့်နေတဲ့အတွက်ကြောင့် သေသေချာချာ မသင်ယူနိုင်ခဲ့။

"ဒါဆို ငါပြန်လိမ်းကြည့်မယ်" ရှန်ယုက ရေနှင့် မျက်နှာကို ပြန်သစ်ကာ မျက်နှာချေတို့ကို ဖျက်လိုက်သည်။

"အဲ့ဒီ အမျိုးသားပြည့်တန်ဆာကို လိုက်ပြီး အတုခိုးရတဲ့အကြောင်းက ဘာလဲ? အရှင့်ရဲ့ စိတ်ဝင်စားမှုကို ပြန်ရဖို့ သူ့လို အီစီကလီပုံမျိုးဖြစ်အောင် ပြင်ဆင်နေတာလား?"

Silent Lover (novel)Where stories live. Discover now