အပိုင်း (၅) ကြင်ယာတော်

2.4K 246 3
                                    

Unicode version

တရားသူကြီးက မင်းသားရဲ့အဆောင်မှာ ဘယ်လို စည်းကမ်းတွေရှိတာကို ပြောပြဖူးသည်။ သူ သတိမထားပဲ နေ့လည် ရောက်သည်အထိ အိပ်ပျော်မိသွားလို့ ရှန်ယု စိတ်ပူနေကာ ဆေးပင်မထည့်သွား။ ဆုန်ကျွင်း နောက်ကိုသာ မြန်မြန် လိုက်နေသည်။

"သခင်မရှန် ကျနော်မျိုးကသာ ပြောပေးပါမယ်။ ကြင်ယာတော်က အခု‌တလော စိတ်မကြည်ဘူး။ ဒါကြောင့် တော်ယုံဆိုရင် သည်းခံနေလိုက်ပါ။"

ရှန်ယု ခေါင်းညိတ်လိုက်သည်။ မင်းသားနဲ့လက်ထက်လိုက်လို့ ဖီးနစ်ငှက်ဖြစ်သွားပြီလို့ မထင်ပါ။ သူသည် အစေခံသာဖြစ်၍ သူ့သခင်ဖြစ်ချင်တာကိုသာ လုပ်ရပါမည်။

လီကျင်းအဆောင်က ကြည်ယာတော့်အဆောင် ဖြစ်သည်။ မင်းသား၏အဆောင်ကိုပင် ရှန်ယု ခေါင်းမော့မကြည့်ရဲ။ လူတွေအများကြီးက သူ့ကို ကြည့်နေသည်ဟု ခံစားနေရသည်။

ကြင်ယာတော်သည် လှပသော ခုံပေါ်တွင် ထိုင်နေပြီူ သူမဆံပင်ကို အလှအပ ပုလဲ၊ ဆံထိုး၊ ကျောက်စိမ်း၊ ပန်းများ ပန်ဆင်ထားသည်။ သူမအရမ်းကို တောက်ပနေသောကြောင့် လူများက သူမကို မကြည့်ရဲကြ။

ရှန်ယု သူမရှေ့မှာ ဒူးထောက်လိုက်ပြီး ဂါဝရပြုလိုက်သည်။

"အလို၊ ဘယ်သူများရောက်နေတာပါလိမ့်?"

ကြင်ယာတော်က စပျစ်သီးကို စားကာ သူကိုပင် မကြည့်။

ရှန်ယုစကားမပြောသည်ကို ကြည့်ပြီး ဆုန်ကျွင်းက "သခင်မရှန်က ကြင်ယာတော်ကို မနက်ခင်းဂါဝရလာပြုတာပါ။"

"အိုး... တရားသူကြီးရှန်ရဲ့ သမီးကိုး... ငါက ဘယ်ကအရိုင်းအစိုင်းလဲလို့ တွေးနေတာ။ ငါတောင် နေ့လည်စာစားတော့မှာကို မနက်ခင်းဂါဝရပြုတယ်လို့ ပြောလို့ရလား?"

ဆုန်ကျွင်းက "မနေ့က အရှင့်သား အရမ်းကို စိတ်ပါနေလို့ သခင်မရှန် မိူလင်ူတဖြ့အထိ မအိပ်ရလို့ပါ။ ဒါကြောင့် အိပ်ရာထ နောက်ကျသွားတာပါ။"

"ငါက မင်းကို မေးနေလို့လား? ဆုန်ကျွင်း မင်းက ဘုရင့်လူယုံဆိုပြီး ငါ့ကို ပြန်ပြောနေတယ်ပေါ့! ရှန်မိသားစုက အပြင်ကဆိုတော့ စည်းကမ်းတွေကို နားမလည်ဘ။ သူ့ကို နှိးရမယ်မှန်းမသိဘူးလား? ယုံယုံမယုံယုံ ငါ့စကားတစ်ခွန်းနဲ့ အရှင့်သားက မင်းကို ခေါင်းဖြတ်သတ်နိုင်တယ်!"

Silent Lover (novel)Tempat cerita menjadi hidup. Temukan sekarang