အပိုင်း ၃၇ : ရင်ဖေးကို တွေ့ချင်တယ်

1.1K 101 1
                                    

Unicode Version

နောက်ဆုံးမှာတော့ ရှောင်ဇီယဲ့ လီကျွင်းအဆောင်ကို ရောက်သွားလေသည်။ သူက မင်းသမီး တရှုံ့့ ငိုနေသံကို ကြားလိုက်ရသည်။

"ငါ မင်းသမီးတိုင်ရို ဒီလိုငိုနေတာကို တစ်ခါမှ မတွေ့ဖူးဘူး။ ဘယ်သူက မင်းကို အနိုင်ကျင့်ရဲတာလဲ?"

ရှောင်ဇီယဲ့က အခန်းထဲကို ပြုံးလျက် ဝင်လာသည်။ တိုင်ရိုက သူ့ကို တွေ့တော့ ပျော်ရွှင်သွားကာ သူမစိတ်တိုနေတာကို ပြဖို့ ကိုယ်ကို လှည့်လိုက်သည်။

"ဘာလို့လဲ? ဘာလို့ င့ကို မတွေ့ချင်ရတာလဲ?" လို့ ရှောင်ဇီယဲ့က စလိုက်သည်။ "ကြည့်ပါဦး ဒေါသထွက်နေတဲ့ ကလေးပေါက်စကို။ မင်းအမေသာ မင်းကို မြင်ရင် တစ်ခုခုမှားနေတယ်လို့ ထင်မှာပဲ။ ခေါင်းမာတဲ့မင်းသမီးက အိမ်ထဲမှာ တစ်ယောက်တည်း ထိုင်ငိုနေတယ်လို့။ ထူးဆန်းလိုက်တာ...

"အမေက ကျမအတွက် ဝမ်းနည်းမှာ သေချာတယ်။ အကိုတော့ မဟုတ်ဘူးပေါ့"

ရှောင်ဇီယဲ့က လက်ကို ဝေ့ယမ်းကာ "မင်းက ဒီစကားတွေကို ပြောရအောင်အထိ အသည်းမာတာပဲ။ ငါက တွေ့ဆုံပွဲကနေ အခုမှ ထွက်လာတာ အမူးတောင်မပြေသေးဘူး။ ဒါပေမဲ့ ငါမင်းကို လာတွေ့တယ်လေ။ ဒါကို မင်းက ငါ့ကို အသည်းမာသလေး ဘာလေးနဲ့?"

"တွေ့ဆုံပွဲကိုတော့ သွားတယ်။ ကျမကိုတော့ အရင်လာမတွေ့ဘူး။ ဝူးဝူးဝူး...."

မင်းသမီးအသံက နူးညံနေသည်။ သူမက ရှောင်ဇီယဲ့၏ ပေါင်ပေါ်ကို မှီကာ ငိုလေသည်။

"မင်းကို ဘယ်သူက ဒုန်းဒုန်းဒိုင်းဒိုင်းလုပ်လို့ ပြောလို့လဲ။ အခုတော့ကြည့် ကျူရှောင်က ဒေါသထွက်နေပြီး မင်းကို အကျယ်ချုပ်ထားတယ်"

ရှောင်ဇီယဲ့က သူမကို အသားလေး ပုတ်ပေးနေသည်။ တိုင်ရိုက သူ၏ အမေတူ ညီမရင်းအငယ်ဆုံးပင်။ ထို့ကြောင့် သူမက ငယ်စဥ်က အားလုံး၏အာရုံစိုက်မှုကို ရခဲ့သည်။ သူမက အခုလို အရှက်ရစရာကို မကြုံဖူးခဲ့ချေ။

"အကိုတော် အခုလာပြီဆိုတော့ ကျမဘက်က ရပ်တည်ပေးမယ်မလား? ကျမကို အကျယ်ချုပ်ထားတာကို ပြန်ရုတ်သိမ်းဖို့ ချန်ပိုင်ဝမ်ကို ပြောပေးပါနော်။ ပြီးတော့ ဟို ာသည်မကိုလည်း ကျမအစား သတ်ပေး။ သူ့ကို နာနာကြင်ကြင်နဲ့ သေစေချင်တယ်။ သူ ချီလော့လို သေရင်အကောင်းဆုံးပဲ။ မဟုတ်ဘူး... သူမထက် ဆယ်ဆပိုနာကြင်ပြီး သေရမယ်"

Silent Lover (novel)Onde histórias criam vida. Descubra agora