အပိုင်း (၉) နတ်သမီးလေး၏အက

1.9K 188 0
                                    

Unicode version

ဓားနှင့်ကပြရသည်မှာ ခက်ခဲလှသည်။ ကိုယ်လက်ခြေထောက်တို့၏နူးညံ့မှုကို ပို၍လိုအပ်ကာ စိတ်ကြည်လင်‌စေသောအငွေ့အသက်လည်း လိုအပ်လေသည်။ သာမန်ကပြဖျော်ဖြေသူ မိန်းကလေးများသည် လှပမှုကိုသာ ဦးစားပေးသောကြောင့် အရသာမရှိလှ။

သို့သော် ရှန်ယုက ခြားနားလေသည်။ သူကိုယ်က နူးညံ့ပြီး ပျော့ပျောင်းသောကိုယ်ဟန်ကို မလုပ်နိုင်။ သို့သော် လူတိုင်းကကြည့်ကာ အရမ်းပင် အားပေးနေမိသည်။

သီချင်းနဲ့ ကတာပြီးတော့ မင်းသားစိတ်မကြည်တော့။ ရှန်ယုကတော့ သူ့ကို အားပေးနေတဲ့ သူတွေကို ဂရုမစိုက် မင်းသားက သဘောကျလား မကျလားသာ သိချင်နေမိသည်။

ကံ့မကောင်းစွာနဲ့ မင်းသားရဲ့အကြည့်တွေက ဘာကိုမှ မဖော်ပြ။ ဒါကြောင့် ရှန်ယုက မင်းသား သဘောကျလား? မကျဘူးလား? မခန့်မှန်းနိုင်။

"အရင်ပြန်လိုက်တော့" လို့ မင်းသားက အမူအရာနဲ့ ပြောလိုက်သည်။

ရှန်ယုက စိတ်ပျက်သွားကာ မင်းသားကို စိတ်ပျက်အောင်လုပ်မိပြီထင်တယ်လို့ တွေးနေသည်။

ရှန်ယု သူ့အခန်းကို နှေးကွေးစွာ ဝင်လာသည်။ သူမဝင်ခင်မှာ အပြင်ကိုညသေချာကြည့်ကာ နေလိုက်သည်။

သူအမေအတွက် အဆင်မပြေဖြစ်အောင် သူအခန်းထဲနေခဲ့ရသည်။ အခုတော့ သူက မင်းသားရဲ့ အကျဉ်းသားသာ။ သူရဲ့ အသက် သေခြင်း အပြုံး မျက်ရည်တွေက လူတစ်ယောက်တည်း အတွက်သာ။

ဆုန်ကျွင်းက "မင်းသားအဆောင်ကို လှည့်ပတ်ကြည့်ချင်သေးလား?" လို့ အလိုက်သိစွာ မေးလိုက်သည်။

သူကြည့်ချင်လား? သူလှည့်ပတ်ကာ ကြည့်ချင်တာပေါ့။ ဒါပေမဲ့ သူက မင်းသားကို စိတ်ပျက်အောင် လုပ်မိခဲ့သည်။ သူက မင်းသားပိုဒေါသထွက်လာမှာကို ကြောက်လို့ လှည့်ပတ်ကာ မကြည့်ရဲတော့။

ရှန်ယု လက်ခါကာ ခေါင်းငုံ့ပြီး အခန်းသို့သာ ပြန်လျှောက်လာသည်။ ညနက်ကာ စားသောက်ပွဲပြီးတော့ မင်းသားက ဘာမှမပြောပဲ ရောက်ချလာသည်။

တံခါးက ရုတ်တရက် ပွင့်သွားတော့ ရှန်ယုကြောက်ကာ ကိုယ်ကို ကျုံမိလိုက်သည်။

Silent Lover (novel)Where stories live. Discover now