အပိုင်း (၁၁) ဆုတောင်း

1.9K 191 2
                                    

Unicode Version

ရှန်ယုရဲ့ အသားများသည် ဓားကြောင့် ဒဏ်ရာများဖြင့် ပေါက်ပြဲနေသည်။ မင်းသားက သွေးတွေကို သုတ်ကာ လျှာဖြင့် လျက်လိုက်သည်။

မင်းသား အရမ်းကိုပင် စိတ်ကျေနပ်သွားသည်။

သွေးဆာနေတဲ့ မင်းသားအတွက် ရှန်ယုရဲ့ သွေးမှာ ချိုမြိန်နေသည်။ သူမျက်လုံးများ နီမြန်းကာ သံလိုပင် မာကျောသွားသည်။

ရှန်ယုကို ချိတ်ဆွဲထားသောအမြင့်က သူ့အရပ်နှင့် ကွက်တိပင်။

...

ထိုနေ့မှာတော့ မင်းသားက ရှန်ယုအနားမှာ နှစ်နာရီလောက်နှိပ်စက်ကာ ကြည့်ရတာ ပိုပိုပြီးတော့ပင် ဒေါသထွက်နေသည်။ ရှန်ယုကိုယ်ပေါ်က ဓားရာနဲ့ ဒဏ်ရာတွေက ငါးကြေးခွံလိုပင်။

သူစိတ်ကျေနပ်အောင် နှိပ်စက်ပြီးတော့ မင်းသားက အကျီကို ပြန်ပြင်ဝတ်ကာ ရှန်ယုအနားမှာ ဆက်မနေပဲ ထွက်သွားသည်။

ရှန်ယုရဲ့ ဒဏ်ရာကနေပြီး သွေးတွေစီးကျလာကာ ကြမ်းပြင်ပေါ်မှာပင် သွေးများတတောက်တောက် စီးကျနေသည်။

ရှန်ယုက သူ့ကိုယ်ကို လှုပ်နေပေမဲ့ အချည်းနှီးသာ။ သူအားမရှိတော့။

သူ့ကိုယ်ကို ဘယ်သူမှကို မမြင်စေချင်တာကြောင့် ရှန်ယု အဝတ်ဝတ်ဖို့ ကြိုးစားယသာ်လည်း လုံးဝ မလှုပ်နိုင်တော့။  ထို့နောက် ဆုန်ကျွင်း ဝင်လာသည်။

"မလှုပ်ပါနဲ့ သခင်မရှန်။ ကျနော်ချပေးမယ်"

အမြဲပင် ဆုန်ကျွင်းက သူ့ခံစားချက်ကို မျက်နှာမပြတတ်လို့ မင်းသားအမိန့်ကိုသာ လိုက်တးနာတတ်တဲ့ စက်ရုက်လိုပင်။

ရှန်ယုကို ချည်ထားသော အစကို ဆုန်ကျွင်းဖြည်လိုက်သည်။ ရှန်ယုကို အသာပင်ချီကာ ခုတင်ပေါ်ကို တင်လိုက်သည်။

"ကျနော်ဆေးထည့်ပေးမယ်"

ဆုန်ကျွင်းပြောရင်းနဲ့ ရေယူလာကာ ရှန်ယုကို သန့်စင်ပေးသည်။ ထိမိလိုက်တိုင်း ရှန်ယု နာကျင်နေသည်။

ကိုယ်ပေါ်က တခြားနေရာက အနာတွေကို ဆေးထည့်ခါနီး ရှန်ယုက ဆုန်ကျွင်းလက်ကို ကိုင်ကာ တားလိုက်သည်။

Silent Lover (novel)Where stories live. Discover now