၆၆

1.4K 86 10
                                    

Unicode Version

အပိုင်း (၉၈) အလိုလိုက်ခြင်း

အပြင်၌ ခြေသံများ ရာချီကို ကြားရသည်။ သူ၏ အသံက တင်းကြပ်သွားကာ "အရှင် ကိုယ်လုပ်တော်ရှန်ရှီ ဖြစ်ပါတယ်"

အထဲသို့ ဝင်လာသောသူကို ရှန်ယု သိသည်။ သူမနှင့် ရှန်ယု အမိုးတစ်ခုအောက် အတူတူ ရှိခဲ့စဥ်က ရှန်ယုမှာ သခင်မလေးရှန်အား တိတ်တိတ်လေးသာ ခိုးကြည့်ခဲ့ဖူးသည်။ ထိုအချိန်က ရှန်ယုမှာ သူမအား ကောင်းကင်မှ အမတအလား ထင်မှတ်ခဲ့ဖူးပြီး စေ့စေ့စပ်စပ် မကြည့်ရဲခဲ့ချေ။

ထို့နောက် သူ့အမေက ရှန်ယုအား အပြင်သို့ သွားခွင့်မပြုတော့ချေ။ သခင်မလေးရှန်အား မြင်တွေ့ရန်အချိန်မှာ နည်းပါးသွားခဲ့သည်။ မတွေ့ရသည်မှာ နှစ်များစွာ ကြာပြီးနောက် သခင်မလေးရှန်မှာ ပို၍ ပို၍ပင် လှပလာသည်။ သူမက နန်းတော်ဝတ်စုံ အနီရောင်နုနုအား ဝတ်ဆင်ထားကာ ပီအိုးနီပန်း (peony)ထက်ပင် နူးညံ့နေကာ တာ့ကျင်း၏ အလှလေးဟူသော နာမည်နှင့် ထိုက်တန်ပေသည်။

"ရှန်ကျဲယွီ အပြင်မှာ ကုတ်ချောင်းချောင်းနဲ့ ဘာလုပ်နေတာလဲ" ဇီယဲ့က မကျေနပ်ဖြစ်နေကာ အစေခံများက စကားတစ်ခွန်းမှပင် မဟချေ။

၂လပိုင်း နန်းတော်မှ ထွက်‌ပေါ် လာခြင်း နဂါးက စတေးခံခြင်း နေ့၌ ကပြဖျော်ဖြေမည့် ပြဇာတ်တွင် ရှန်မိသားစုမှ သခင်မလေးရှန်အား သူမ၏ အလှအပကြောင့် နွေဦးနတ်ဘုရားနေရာ၌ ကပြစေသည်။

ရှောင်ဇီယဲ့သည် ရှန်ချီဖူက သူ၏သမီးအား ဆက်သလိုသော သဘောထားကို သိသည်။ ရှောင်ဇီယဲ့က မြောက်ပိုင်းရှိ ချန်ပိုင်ဝမ်အား စောင့်ကြည့်ရန် ရှန်ချီဖူကို လိုအပ်သည်။ ထို့ကြောင့် သူ၏ရာထူးအား သခင်မလေးရှန်ကျဲယွီကြောင့် တည်ငြိမ်စေပြီး ထိုအကြောင်းကို ဖြေရှင်းလိုက်သည်။ ရှောင်ဇီယဲ့သည် ချန်ပိုင်ဝမ်ကိစ္စကို ကိုင်တွယ်နေရသည့်အတွက်ကြောင့် ရှန်ကျဲယွီအား အလည်အပတ်ပေးရန် စိတ်ရှိမနေချေ။

ရှန်ယု မသက်မသာဖြစ်ကာ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူ၏ နာမည်က ရှန်ကျဲယွီ၏နာမည်ကို မူတည်၍ ပေးထားခြင်း ဖြစ်သည်။

Silent Lover (novel)Where stories live. Discover now