အပိုင်း (၁၈)

1.7K 179 5
                                    

Unicode Version

"ဘယ်လိုလဲ?" လို့ မင်းသားက အနားတိုးကာ အသံအနိမ့်အမြင့်မရှိပဲ မေးလိုက်သည်။ဒါပေမဲ့ စိတ်ပူနေတယ်ပုံ ပေါက်နေသည်။

"စိတ်ရှည်ပါ။ ဒီလို အလှလေးတွေကို နူးနူးညံ့ညံ့ဆက်ဆံဖို့ သတိပေးထားတယ်။ ဒါပေမဲ့ နားမထောင်ခဲ့ဘူး"

ဖိန်ရှိစိက သေချာစစ်ဆေးကာ ပြောလိုက်သည်။ "အွန်?" လို့ မေးကာ မင်းသားကို ကြည့်လိုက်သည်။

"မင်းသား သူနဲ့ ဘယ်လောက်ကြာကြာ ရှိနေတာလဲ?"

ဆုန်ကျွင်းက သူမှတ်ထားတာကို ဖြေလိုက်သည်။ "ညကနေ မနက်ထိ လွန်ခဲ့တဲ့ နှစ်လလောက်ကနေ..."

ဖိန်ရှိစိ ထင်ထားသလိုပင်။ မင်းသားက သားရဲလိုပဲ။ ဒီလောက်အကြာကြီးလုပ်နေတာကို မပင်ပန်းတာကို အံ့ဩနေမိသည်။ အခုလည်း သန်မာနေတာပဲ။

"အံ့စရာမကောင်းပါဘူး။ လူက လူသေကောင်လိုပဲ။ အခုမှပဲ အားနည်းတဲ့သူက မသေသေးတာကို မြင်ဖူးတော့တယ်။ အားဆေးတွေ နေ့တိုင်းကျွေးနေတာလား?"

"အင်း" လို့ မင်းသားက မျက်မှောင်ကျုံက ဖြေလိုက်သည်။ စိတ်တိုနေတာလား? စိတ်ပူနေတာလား? မပြောတတ်။

"ဆေးတွေက အသုံးမဝင်ဘူး! အပြင်က ကောင်းနေတယ်လို့ ထင်နေရပေမဲ့ အတွင်းက တော်တော်ဆိုးဝါးနေတယ်။ လွယ်လွယ်ပြောရမယ်ဆိုရင် ငါစစ်ဆေးရသလောက်တော့ သူက အရွယ်တောင်မရောက်သေးဘူး။ ကိုယ်ကတော့ အဖိုးကြီးလိုပဲ။ တစ်ဝက်က သေနေပြီ"

မင်းသားက သူ့ကော်လာကို ဆွဲမလိုက်သည်။

"သူ့ကို ကယ်လို့ရလား?"

"အား အား! အောက်ချပေး!"

မင်းသားက လွှတ်ပေးလိုက်တော့ ငြိမ်ကျသွားသည်။ ဖိန်ရှိစိက ထလိုက်ပြီး အဝတ်တွေကို ပြင်ဝတ်လိုက်သည်။ သူက ကြမ်းကြမ်းတမ်းတမ်းနဲ့ လူတွေကို ညှိနှိုင်းတတ်သည်။

 “ကျနော် ဖိန်ရှိစိက ကျနော့်လူနာတွေကို လွယ်လွယ်နဲ့ သေမင်းဆီကို မပို့ပါဘူး"

သူက ဂုဏ်ယူစွာပြောသည်။

"အားလုံး ထွက်သွား"

ပြောရင်းနဲ့ လူတွေကို အပြင်ပို့လိုက်သည်။ မင်းသားက မသွားချင် အိပ်ရာနားမှာ ရပ်ရင်းကျန်နေခဲ့သည်။ မင်းသားရှန်ယုကို ကြင်နာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာကိာ ဖိန်ရှိစိမြင်မိလိုက်သည်။ ထို့နောက် လန့်ကာ

Silent Lover (novel)Where stories live. Discover now