အပိုင်း ၃၆း အင်ပါယာယဲ့

1.1K 92 0
                                    

Unicode Version

အင်ပါယာယဲ့ ရှောင်ဇီယဲ့က မထင်မှတ်ပဲ မြောက်ပိုင်းကို ခရီးနှင်လာလေသည်။ အင်ပါယာက တရားဝင် အကြောင်းကြားထားသည်လည်း မရှိချေ။ ကိုယ်ရေးကိုယ်တာအရလာသည်ဖြစ်ကာ အစောင့်အနည်းငယ်နှင့် သာမန်အဝတ်အစားတို့ကိုသာ ဝတ်ဆင်ထားလေသည်။ သူတို့ မြောက်ပိုင်းကို အချိန်အနည်းငယ်အတွင်း ‌ရောက်လာလေသည်။

ချန်ပိုင်ဝမ်က ဂိတ်တံခါးကို ဖွင့်ထားကာ စောင့်နေသည်။ မြောက်ပိုင်းသားတို့ကလည်း စိတ်လှုပ်ရှားနေကြသည်။ သို့သော်အင်ါယာ ရောက်လာတော့့ အားလုံး ငြိမ်သက်သွားကြသည်။ သူတို့ ဒူးထောက်လိုက်သံကိုပဲ ကြားရလေသည်။

သက်သောင့်သက်သာဖြစ်သောဝေါယာဉ်၌ မြင်းတို့က သာမန်ကြံ့ခိုင်လေသည်။ ချူတို့ကိုလည်း ဝေါယာဉ်ထောင့်၌ ချိတ်ဆွဲထားလေသည်။ ခန်းနားသောအရိပ်အယောင်တို့ မပါဘဲ လူချမ်းသာတစ်‌ယောက်လာသည်နှင့် ပိုတူလေသည်။

"ချန်ပိုင်ဝမ်ရဲ့ အုပ်စိုးမှုအောက်မှာ မြို့သားတွေက ဒီလိုပဲ ပြုမူသင့်တယ်။ အားလုံးက စစ်သားတွေလိုပဲ အမိန့်ကို နာခံကြတယ်"

ဝေါယာဉ်ထဲမှ အသံသည် ရှင်းလင်းပြတ်သားကာ ကြည်လင်နေပြီး တည်ငြိမ်မှုအပြည့်နှင့် မာန်ရှိလှသည်။

ချန်ပိုင်ဝမ်က မြင်းဇက်ကြိုးကို ကိုင်ကာ အိမ်တော်သို့ ခေါ်ဆောင်လာလေသည်။ ထို့နောက် ဝေါယာဉ်အပြင်သို့ ဖိတ်ခေါ်လိုက်သည်။

"ရွှမ်ရှောင် (ချန်ပိုင်ဝမ်) မင်းက တကယ်ကို ရက်စက်တာပဲ။ အုတ်အုတ်ကြပ်ကြပ်ဖြစ်အောင် မလုပ်ပါနဲ့လို့ မှာထားတာကို အခုတော့ မင်းလုပ်တာကို ကြည့်ဦး။ ငါအခု ဝေါယာဉ်အပြင်ကိုတောင် မထွက်ရဲတော့ဘူး"

လိုက်ကာများကိုပင် မပင့်တင်ရသေး အင်ပါယာက ချန်ပိုင်ဝမ်ကို ဆူပူနေသည်။

"အရှင့်ကို ကြိုဆိုပါတယ်"

ချန်ပိုင်ဝမ်က မတ်တပ်ရပ်နေကာ မျက်နှာက လုံးဝကို အမူအရာက မပြောင်းလဲချေ။

"မင်းက တကယ့်ကို အဖိုးကြီးတိုင်းပဲ..."

အင်ပါယာက တကယ်တော့ ဒေါသမထွက်ပါ။ အနည်းငယ်တော့ မကျေနပ်ချေ။ ဝေါယာဉ်မှ လိုက်ကာကို မတင်လိုက်ပြီးနောက် ချောမောသောမျက်နှာက ထွက်ပေါ်လာသည်။ ရွှေရောင်သရဖူကို ဆောင်းထားကာ ဈေးကြီးသော ဖိနပ်တို့ကို ဝတ်ဆင်ထားလေသည်။ ပုခုံးပေါ််၌ ဝက်ဝံခြုံလွှာကို ခြုံထားကာ သူ့လက်များကို နွေးထွေးအောင် ပွတ်တိုက်နေသည်။

Silent Lover (novel)Where stories live. Discover now