အပိုင်း (၁) စကားမပြောနိုင်သော အစေခံကို လက်ထက်ပွဲ၌ အစားထိုးခြင်း

10.3K 435 11
                                    

Unicode version

မြောက်နန်းဆောင်မင်းသား၏ အဆောင်တွင် မီးပုံးရောင်စုံများကို ချိတ်ဆွဲပြီး အလှဆင်ထားသည်။ မောင်းသံ ဗုံသံ အင်းဆက်အကောင်သံများ မိုးချုန်းနေသလို ကျယ်လောင်စွာ ကြားနေရသည်။ တူရိယာများ၏အသံများ မဂ်လာဝေါယာဉ်နှင့် လေးဆယ့်ရှစ်မျိုးသော မဂ်လာလက်ဖွဲ့များသည် မင်းသား၏ အဆောင်၌ရှိနေသည်။

ကျင်းတိုင်းပြည်၏ နံပါတ်တစ် အလှဆုံး တရားသူကြီးရှန်၏ သမီးမှာ အပြင်သူများ စကားကြောင့် မြောက်နန်းဆောင်မင်းသား၏ စိတ်ဝင်စားမှုကိုရကာ ကိုယ်လုပ်တော်အဖြစ် တော်ကောက်ခြင်း ခံရသည်။ သူတို့သည် မင်းသား၏ သဘောမကျမှုခံရမှာကို ကြောက်နေသောတရားသူကြီးမိသားစု၏သမီးသည် မြောက်နန်းဆောင်မင်းသားနှင့် ပျော်ရွှင်စွာ လက်ထပ်လိုက်သည် ဟု ထင်နေကြသည်။

မဂ်လာဝေါယာဥ်ထဲမှ ရှန်ယုသည် တလမ်းလုံး စိတ်လှုပ်ရှားကာ ကြောက်နေပြီး တုတ်တုတ်မျှမလှုပ်ပဲ သစ်သားရုပ်ကဲ့သို့ လိုက်ပါလာသည်။

သူအလိမ်ပေါ်သွားမှာကို ကြောက်နေရှာသည်။

သူအလိမ်ပေါ်သွားလျှင် မင်းသားမှာ သူ့ကို သတ်ရန် အမိန့်ပေးမှာ သေချာသည်။ သူသာ မြောက်နန်းဆောင်မင်းသားကို ကျေနပ်အောင် မပြုစုနိုင်ရင်လည်း လက်တစ်ချောင်းနဲ့တင် ရှန်ယုကို သေအောင် လုပ်နိုင်သည်။

ကောလာဟသအရ မြောက်နန်းဆောင်မင်းသားသည် မတူသော မျိုးရိုးနာမည်ရှိပြီး ပုလဲခုနစ်ခုအဆင့်ရှိသော မင်းသားဖြစ်သောကြောင့် လူများက လေးစားကြသည်။ ပြီးနောက် မင်းသားသည် သိန်းပေါင်းများစွာသော လက်ရုံးရည်ပြည့်ဝသော စစ်သားများကို ပျိုးထောင်ကာ သူ၏စစ်သားတစ်ယောက်လျင် ရန်သူတစ်ရာကို တိုက်နိုင်သည်။ လူအနည်းငယ်ဖြင့် တက်တစ်ခုလုံးကို သတ်ပစ်နိုင်သည်။

နောက်ပြီး မြောက်နန်းဆောင်မင်းသား၏အရပ်မှာ ရှစ်ပေခန့်ရှပြီး မျက်နှာတွင် နဂါးကဲ့သို့ မျက်လုံးမှာ ခေါင်းလောင်းကဲ့သို့ ကြောက်စရာကောင်းသောအသွင်ရှိသောကြောင့် မြေအောက်ကမ္ဘာမှ ငရဲဘုရင်အဖြစ် တင်စားကြသည်။ သူ့အကြည့်တစ်ချက်နဲ့တင် လူတွေကို ခြောင်နိုင်ပြီး အညံခံလာအောင်လုပ်နိုင်သည်။

Silent Lover (novel)Where stories live. Discover now