အပိုင်း (၅၅) : အခေါ်တော်/ အေခၚေတာ္

870 77 18
                                    

Unicode Version

တစ်လကြာသည်အထိ အိမ်တော်၌ ကိုယ်လုပ်တော်ရင် ပျောက်ဆုံးသွားကာ အမည်မသိသော အ,အကျွန်တစ်ယောက် ပေါ်လာသည်။ မနက်တိုင်း စောစောထကာ ညတိုင်း နောက်ကျသည်အထိ နေသည်။ အိမ်တော် တစ်ဝက်နီးပါး၏ သန့်ရှင်းရေး ပင်ပန်းသော အလုပ်များကို သူတစ်ယောက်တည်း လုပ်ရသည်။ သူ၏ကိုယ်မှာ ဝါးပင်လို ပိန်လာသည်။ တစ်ချက်မျှ ထိရုံဖြင့် ပြိုလဲတော့မလိုပင်။ သို့ပေမဲ့ ထိုကိုယ်၌ အဆုံးမရှိသော အင်အားများ ရှိနေသလိုပင်။

ယနေ့ ပို့လာသော အဝတ်များကို ခေါက်သိမ်းပြီးချိန်၌ ရှန်ယု သူ့ပစ္စည်းများကို သိမ်းလိုက်သည်။

"အိုး သူက ဒီမှာပဲ"

ဟုန်လျန်က တဲထဲသို့ ဝင်လာကာ နောက်မှ လူတစ်ယောက်လည်း ပါလာသည်။ ရှန်ယု သူ့ကို မျက်မှန်းတမ်းမိသည်။ သူက ဒေသခံရေပူစမ်းအား စောင့်ကြပ်ရသော သူဖြစ်သည်။ သူက စန်းလော့လျူ ဖြစ်သည်....

"ကိုယ်လုပ်တော်ရင်"

စန်းလော့လျူက သူ့ကို လေးစားသမှုဖြင့် ဦးညွတ်လိုက်သည်။

ရှန်ယုက ခေါင်းညိတ်ပြလိုက်ကာ "ကိုယ်လုပ်တော်ရင်" ဟူသော ဘွဲ့အမည်ကို ဘယ်သောခါမှ ကြားရတော့မည်မဟုတ်ဟု သတိရမိသွားသည်။

"အရှင်က အခေါ်လွှတ်လိုက်ပါတယ်။ သူ စောင့်နေပါတယ်"

"သူက ငါ့ကို စောင့်နေတယ်?"

ရှန်ယုက မြူများဖြင့် ဝေစိုင်းနေသော ဥယျာဥ်မှ မှောင်မည်းနေသော တောင်ကြားကို သတိရမိသွားသည်။ ထိုနေရာတွင် သူ ပထမဦးဆုံးအကြိမ် ချန်ပိုင်ဝမ်အား တွေ့ခဲ့သော နေရာဖြစ်သည်။ ထိုနေရာသည် ရှန်ယု အရှင့်အား နှလုံးသားတစ်ခုလုံးကို ပေးခဲ့သော နေရာလည်းဖြစ်သည်။ ထိုနေရာသည် သူနှင့် အရှင်တို့၏ အချစ်များကို ဖော်ကြူးခဲ့ရာ နေရာလည်း ဖြစ်သည်။ ထိုအဖြစ်အပျက်များက လအနည်းငယ်သာ ကြာပြီဖြစ်သော်လည်း ရှန်ယုအတွက် နှစ်များစွာကြာခဲ့သလိုပင်။

ချန်ပိုင်ဝမ်က ရုတ်တရက် ရေပူစမ်းမှာ သူ့ကို တွေ့ချင်နေတယ်? ပြန်ပြီးတော့ သူ့ကို မြတ်နိုးတော့မှာလား?

Silent Lover (novel)Where stories live. Discover now