အပိုင်း ၂၉ : အသည်းခွဲခြင်း

1.3K 124 2
                                    

Unicode Version

ချန်ပိုင်ဝမ်က သူ့ကို ကြင်နာစွာ ကြည့်နေကာ ရှန်ယု ရင်ထဲ၌ ဗလောင်ဆူနေသည်။ ရှန်ယုသာ စကားပြောနိုင်လျင် ချန်ပိုင်ဝမ်ကို သူဘယ်လောက်ချစ်ကြောင်း ဖွင့်ဟပြောမိမည်။ အရာအားလုံးကို ဖွင့်ဟပြောကာ သူထပ် မခံစားချင်တော့။

သို့သော် ချန်ပိုင်ဝမ်က အာဏာရှိသူတစ်ယောက် ရှန်ယုက သာမန်လူတစ်ယောက်။ သူသာ တစ်ဆန့ သေသွားရင် သူ့အမေကသာ သူ့အတွက် ပူဆွေးနေမည်။ ချန်ပိုင်ဝမ်ကို လိမ်ညာမိသည့်အတွက် သူ့ကို ခွင့်လွှတ်ပါ့မလား?

"မဟုတ်ပါဘူး။ မင်းသမီးက မခြိမ်းခြောက်ပါဘူး"

ရှန်ယုက လက်သန်ပြကာ စာရေးပြလေသည်။

"ဒါက မင်း ဖြစ်စေချင်တာလား?"

ချန်ပိုင်ဝမ် အကြည့်က အေးစက်သွားသည်။ သူပုံက စိတ်ဓာတ်ကျကာ ထိုင်းမှိုင်းသွားလေသည်။

"ဟုတ်ပါတယ်"

ရှန်ယုက အားတင်းကာ ဆက်ရေးသည်။

"ကျမလာကတည်းက အရှင် ဘယ်အဆောင်ကိုမှ မသွားတော့တာ။ ဒါပေမဲ့ အရှင် ဒီမှာ ကြာကြာမနေနိုင်ဘူးလေ။ ကျမက အရှင့်ကို မြူစွယ်ထားပြီး ကျမတစ်ယောက်တည်းကိုသာ အလေးပေးတယ်လို့ ပြောကုန်လိမ့်မယ်"

ရှန်ယုက စုတ်တံကို ချပြီးနောက် ချန်ပိုင်ဝမ်၏ ဒေါသက ပိုကြီးသွားလေတော့သည်။

"ဟွန့် ဒါက ဘာ‌အရေးလဲ? ဘယ်သူက ဒီလိုပြောရဲလဲ? မင်းကြောက်ရင် င့က မင်းကို ကာကွယ်ပေးမှာပေါ့"

ရှန်ယုက စုတ်တံကို ကိုင်ကာ "အရှင့်ရဲ့ ပုံရိပ်ကို ဖျက်ဆီးမိမယ်"

"ကြည့်ရတာ ဒါက မင်းစိတ်ထဲမှာ ဖြစ်နေတာမလား? မင်းက ငါ့ကို စိတ်ပူနေတာလား?"

မဟုတ်ဘူး။ သူက လောဘကြီးသူတစ်ယောက်ဆိုတာ ရှန်ယု သိသည်။ ထိုအရာက သူ့ကိုယ်သူ အပြစ်တင်ချင်စိတ်ကို ပိုဖြစ်စေသည်။

"မင်းသမီးက သနားစရာကောင်းပါတယ်... သူမက အရှင့်ရဲ့ တရားဝင်မိန်းမလေ။ အရှင်က သူမကို ချစ်ခင် စောင့်ရှောက်ရမယ်လေ။ အရှင် သူမကို မသနားဘူးလား?"

Silent Lover (novel)Where stories live. Discover now