အပိုင်း ၂၆ ချစ်သက်သေ

1.8K 164 5
                                    

Unicode Version

ရှန်ယု လာကတည်းက မင်းသား နေ့တိုင်းလိုလို ပျော်ရွှင်နေသည်။ အရင်တုန်းက ဆုန်ကျွင်းသည် မင်းသား၏ နေမကောင်းသူများကို ဂရုစိုက်ဖူးတာကို မြင်ဖူးသော်လည်း ကိုယ်လုပ်တော်သာ နေမကောင်းရင်တော့ လှည့်မကြည့်တတ်။

မင်းသားက ရှန်ယုကို အိပ်ရာပေါ်မှာသာ ကြမ်းတမ်းသော်လည်း ကောင်းကောင်းမွန်မွန်ဆက်ဆံသည်။ တခုခုဖြစ်မှာကို စိုးရိမ်နေကာ လက်ထဲကမချချင်ဖြစ်နေသည်။ အမြဲလိုလို ရှန်ယုအနားသာ ရှိနေတတ်သည်။

မင်းသားနှင့် ကြင်ယာ‌တော်နဲ့က ဇကရာဇ်ကိုယ်တိုင် ထိမ်းမြားခြင်းဖြစ်သည်။ သို့သော် ကြင်ယာတော်က ထိုကဲ့သို့ မဆက်ဆံခံရဘူး။ မင်းသားက ရှန်ယုကို ဘဝလက်တွဲဖော်အဖြစ်ထားချင်နေတာ!

"သခင် ဒါက... အဆင်ပြေရဲ့လား?" လို့ ဆုန်ကျွင်းက တွန့်ဆုတ်စွာ မေးသည်။

ရှန်ယု ရာထူးအရ ဆုန်ကျွင်းမှာ တိုက်ရိုက်မပြောရဲ။

"အဆင်ပြေတယ်"လို့ မင်းသားက ပြောတယ်။ ထို့နောက် ဆုန်ကျွင်းကို အမိန့်ပေးလေသည်။

"ဇကရာဇ်ကို ကောင်းချီပေးဖို့ တင်ပြလိုက်"

မင်းသားက ဒီအရာကို တကယ့ အလေးအနက် ထားနေသည်ဆိုတာကို ဆုန်ကျွင်းသိလေသည်။ ဧကရာဇ်ကောင်းချီးပေးခံရလျှင် သာမန်ကိုယ်လုပ်တော် မဟုတ်တော့။ တရားဝင်ဇနီးမယား ဖြစ်သွားမည်။ ကိုယ်လုပ်တော်မဆိုနှင့် မင်းသမီးတောင်မှ နှောက်ယှက်ရဲမည် မဟုတ်။

"အရှင့်သား ဘွဲ့အမည်က?"

"ဘွဲ့..."

မင်းသားက ခဏကြာအောင် စဉ်းစားကာ "ရင်" လို့ ပြောလိုက်သည်။

"ရင်ဖေး?"

"အင်း ရင်ဖေး"

မင်းသားက ရှန်ယုအလှကို ပိုမိုတိုးစေသည်။ မင်းသားက မနေနိုင်ပဲ ပြုံးမိကာ သူ့ဘွဲ့ကိုလည်း လျှို့ဝှက်ထားသည်။ မင်းသားက ရှန်ယုကို ဖုံးကွယ်ထားချင်ကာ ဘယ်သူ့မှ ပိုင်ဆိုင်ခွင့်မရအောင် လုပ်ချင်နေသည်။

"ပြီးတော့ ခုနစ်ရက်အတွင်း ကောင်းချီးပေးခံရမှာကို မင်းသမီးကို ပြောလိုက်ဦး"

Silent Lover (novel)Opowieści tętniące życiem. Odkryj je teraz