အပိုင်း ၃၈ : လရောင်အောက်မှ နှင်းနတ်သမီး

1K 92 2
                                    

Unicode Version

ဆုန်ကျွင်းနှင့် အစောင့်တို့က မင်းသမီးကြောင့် အဝေးကို ထွက်သွားချိန်၌ ရှောင်ဇီယဲ့က ရှောင်ဟွားအဆောင်ထဲကို ဝင်သွားလေသည်။ သူက ပန်းခြံထဲ၌ ဟိုဟိုဒီဒီ လျှောက်ကြည့်နေသည်။

"အိမ်တော်နဲ့ ယှဥ်ရင် ဒီနေရာက သိပ်မကောင်းဘူး။ ရွှမ်း‌ရှောင်က ရင်ဖေးကို သဘောမကျဘူးလား? ဒီလို ဥယျာဥ်မျိုးကိုပဲ ပေးထားတယ်ပေါ့"

"ဆီးသီးပင်နည်းနည်းပဲ ရှိတယ်။ ပန်းခြံက အုပ်ဆိုင်းနေတာပဲ။ ဖုန်းကွယ်ထားတဲ့ အလှလေးကို သေသေချာချာ ဝှက်ထားတာပဲ ရွှမ်းရှောင်က"

ရုတ်တရက် ရှောင်ဇီယဲ့က ဆီးသီးပင် တစ်ပင်၌ ရပ်လိုက်လေသည်။ ရေတွင်းတစ်တွင်းပေါ််၌ ခြေထောက်တွဲလွဲချကာ ခေါင်းလောင်းပုံစံဆွဲကြိုးကို ကိုင်ထားသော လူတစ်ယောက်ကို တွေ့လိုက်သည်။ ထိုသူက လရောင်အောက်၌ ထိုလည်ဆွဲလေးကို ကြည့်ကာ နားနားကပ်ရင်း တချွင်ချွင် မြည်သံကို နားထောင်နေသည်။

"ဒါက ရင်ဖေးပေါ့"

ရှောင်ဇီယဲ့က ရှန်ယုကျောကိုသာ မြင်ရသည်။ သူ့အကျီဖြူတို့က လရောင်အောက်၌ ငွေရောင်တလက်လက်ထနေကာ အနက်ရောင်ဆံပင်ကို ဖြန့်ချထားကာ လေ၌ လွင့်နေသည်။ မိန်းမဆန်သော အလှအပမျိုး ရှိမနေပေမဲ့ ထိုပုံလေးက အရမ်းကို သိမ်မွေ့လှသည်။ ရှောင်ဇီယဲ့က သူ့တစ်ကိုယ်လုံးကို ကြည့်လိုက်တော့ ခြေအိတ်တို့ ဖိနပ်တို့ကို စီးမထားကာ နူးညံ့သော ခြေထောက်တစ်စုံက လွှဲကာ ဆော့နေသည်ကို မြင်လိုက်ရသည်။ မသိလျှင် သူက လရောင်နှင့်အတူ လွှင့်မျောတော့မည့်ပုံပင်။ လေအတိုက်၌ ဆံပင်နှင့် အကျီစတို့ကပါ လွင့်နေကာ အချိန်မရွေး လေအဟုန်နှင့် ပါတော့မည့် ပန်းပွင့်ဖတ်လေးလိုပင်။

"နတ်သမီးများလား?" ဟုပင် ရှောင်ဇီယဲ့ ထင်မိလေသည်။

သူ၌ ကိုယ်လုပ်တော်ပေါင်း မြောက်များစွာ ရှိသော်ငြား ယောက်ျားတစ်ယောက်မျှ မရှိကာ သူကလည်း ယောကျ်ားတစ်ယောက်ကို မကြိုက်နှစ်သက်ပါ။ သို့သော် သူ့ရှေ့က သူက ယောကျ်ားတစ်ယောက်ဆိုသည်ကို သိသော်ငြား မနေနိုင်ပဲ စိတ်ဝင်စားသွားလေရာ မည်သို့ပုံဆိုသည်ကို သိချင်မိသည်။

Silent Lover (novel)Where stories live. Discover now