959 91 22
Unicode Version
ဆောင်းအကုန် နွေအကူးအချိန်သို့ ရောက်ရှိပြီဖြစ်သည်။ မြောက်ပိုင်းမြို့တော်၏ ဆောင်းရာသီက အရင်ကထက် ပို၍ ကြာလာလေသည်။ မြေပေါ်ရှိ နှင်းများကတော့ စတင် အရည်ပျော်လာလေသည်။
ရှန်ယု၏ အဝတ်များက နှင်းရည်ပျော်တို့ကြောင့် မြန်ဆန်စွာ စိုစွတ်သွားသည်။ သူ့ဒူးနှင့် လက်များက ရွံ့များဖြင့် ပေကျန်နေသည်။ နှင်း၏အအေးဓာတ်က အရိုးထက်ထိ ‌ပြန့်နှံ့နေကာ ရှန်ယု၏လက်များကို ဓားမြောင်နှင့် ထိုးစိုက်နေသလိုပင်။ တစ်ခဏကြာတော့ နာကျင်မှုအစား ထုံထိုင်းမှုတို့က ဝင်ရောက်လာသည်။
" ဘယ်မှာလဲ? သေချာပေါက် ဒီနေရာမှာ ကျသွားတာပါ"
ရှန်ယုငိုယိုရင်း ချွေးသီးများကို သုတ်လိုက်သည်။ သူက ထင်းခုတ် ရေခပ်နိုင်ခဲ့သေးတာပဲ။ အခုတော့ လှုပ်ရှားမှုများက နှေးကွေးနေပြီ။
"ငါက အသုံးမကျဘူး။ ငါက သေသေချာချာတောင် လက်ဟန်မပြနိုင်ဘူး။ ငါဆိုရင်လည်း အအတစ်ယောက် လက်တွေ ယမ်းပြနေတာကို ကြည့်ဖို့ စိတ်ရှည်နေမှာ မဟုတ်ဘူး။ ငါအစကတည်းက စာကို ချရေးထားခဲ့သင့်တာ။ အဲ့တာမှ အရှင်က ကောင်းကောင်းနားလည်မှာပေါ့" ရှန်ယုက သူ့ကိုယ်သူ အပြစ်တင်ကာ ဘာကိုမှ သေချာမလုပ်နိုင်ဟု ခံစားနေသည်။
ရှန်ယုမျက်လုံးများက ရုတ်တရက် လင်းလက်သွားသည်။ သူက အနီရောင်တစ်ခုခုကို ရှာတွေ့သွားသည်။ ပဲစေ့နီလို အရောင်တူတူပဲ။ သူက မြန်ဆန်စွာပင် ပြေးကောက်လိုက်ပေမဲ့ နှင်းခဲကြီးကိုသာ ကိုင်မိသွားလေသည်။ ထိုအနီစက်လေးက ပဲစေ့နီမဟုတ်။ ရေခဲဖြင့် ပြတ်ရှသွားသော ရှန်ယုလက်ဒဏ်ရာမှ သွေးစက်ဖြစ်နေသည်။ 
ရှန်ယု နှင်းများကို အဝေးသို့ ပစ်လိုက်ကာ တခြားနေရာ၌ ရှာနေပြန်သည်။
ချန်ပိုင်ဝမ်က ပြတင်းပေါက်ကို မှီကာ ရှန်ယုကို ကြည့်ရင်း အထင်သေးနေမိသည်။ နှင်းထုကြီးကတော့ ရှန်ယု၏ လက်ရာ‌ ခြေရာများနှင့် ပြည့်နေပြီ ဖြစ်သည်။
တည်ငြိမ်စွာဖြင့် သူက ‌တည်နေရာမြေပုံကို ကြည့်ကာ တောင်တစ်ဖက်ခြမ်း၌ အလံတစ်ခုကို စိုက်လိုက်သည်။
Silent Lover (novel)Where stories live. Discover now