အပိုင်း (၂၃) ခွေးရန်ပွဲ

1.6K 157 0
                                    

Unicode Version

ရှန်ယုထိတ်လန့်ကာ မင်းသားရင်ခွင်ထဲ၌ တောင့်တင်းနေမိသည်။ သူကို အပြစ်ပေးဖို့ ရေအကျဉ်းထောင်ကို ခေါ်လိုက်တာမဟုတ်ဘူးလား?

မင်းသားလက်တွေက ရှန်ယုကိုယ်မှာ ပြေးကစားနေသည်။ သူ့လက်တွေက ရှန်ယု လည်ပင်း ခါးမှ ပေါင်နဲ့ ခြေဖဝါးအထိ လျှောက်သွားနေသည်။

"အေးရင် ကိုယ်‌တော်နားကို တိုးလာလေ" လို့ ပြောလိုက်သည်။ မင်းသား မျက်လုံးတွေက မီးဖိုတွေလို တောက်လောင်နေကာ ရှန်ယု စိတ်ရှုပ်‌နေမိသည်။

မင်းသားရဲ့လက်တွေက ပူနွေးနေသည်။ ရှန်ယုရဲ့ ပုလဲလို ခြေဖဝါးကို ကိုင်ကာ ညစ်နေကာ ကစားနေသည်။ထိုအထိအတွေ့ကြောင့် ရှန်ယုကိုယ်က ဆက်ခနဲ တုန်နေကာ ခံစားနေမိသည်။ အသက်ရှူလည်း မြန်လာသည်။

"မင်းသား ကြင်ယာတော် ရောက်လာပါပြီ"

ဆုန်ကျွင်းက လက်သီးဆုပ်ကာ အော်ပြောလိုက်တော့ မင်းသားက ခေါင်းညိတ်ပြသည်။ ရေအကျဉ်းထောင်ထဲကို မင်းသမီး ဝင်လာပြီး ရှန်ယုက မင်းသားကိုယ်ပေါ်မှာကို တွေ့လိုက်ရသည်။ မင်းသားရဲ့ နူးညံ့နေတဲ့ပုံက ကြင်ယာတော်ကို ပိုဒေါသထွက်စေသည်။

"ယောင်္ကျားလေးတွေကို ဆွဲဆောင်နိုင်တဲ့အစွမ်းက မသေးဘူးနော်!" လို့ ကြင်ယာတော်က ကျိန်ဆဲလိုက်သည်။ မင်းသားကို တွေ့တော့ ညင်သာသည်ထက် ပိုညင်သာစွာဖြင့်

"အရှင် ဘာလို့ကျမကို ခေါ်လိုက်တာလဲ?"

ရှန်ယုက မင်းသားကို ကြည့်လိုက်တော့ မင်းသားက မျက်နှာသေနဲ့။ ထို့နောက် အမိန့်ပေးလိုက်သည်။

"စရအောင်"

မင်းသားရဲ့ အမိန့်သံဟာ ရေအကျဉ်းထောင်ထဲမှာ တန်ပြန်သွားလေသည်။ အစောင့်တွေအများကြီးက ရေထဲမှ လှောင်အိမ်တစ်ခုကို ဆွဲမလိုက်ကြသည်။ လှောင်အိမ်ထဲမှာက လူတစ်ယောက်။ ခေါင်းကနေပြီး ဆွဲမထားသည်။

ရေအကျဉ်းထောင်က မှောင်မည်းနေတာကြောင့် ရှန်ယု ဘေးကို မကြည့်ရဲ။ အကျဉ်းသားကို ရေထဲမှာ တောက်လျောက်နှစ်ထားပြီး ခေါင်းသာ အပြင်မှာရှိသည်။ ရေကြောင့် အသားတွေက စိုစွတ်နေကာ တွန့်ရွနေသည်။

Silent Lover (novel)Onde as histórias ganham vida. Descobre agora