အပိုင်း (၅၆)

1K 94 13
                                    

Unicode Version

အပိုင်း (၈၆) ခိုးပြေးခြင်းနှင့် လက်ပူးလက်ကြပ်ဖမ်းမိခံရခြင်း

ကြင်ယာတော်မင်းသမီးသည် လောလောဆယ် သူမ၏ အဆောင်၌ ဇိမ်ခံနေသည်။ နွေဦးရာသီအေးချမ်းသော နေ့တစ်နေ့သည် ပုံမှန်နေ့များကဲ့သို့ပင်။ သူမသည် တစ်နေ့လုံး မီးလင်းဖိုနားမှာပင် ‌သေချာပေါက်‌ နေနေလိမ့်မည်။ သို့သော် ဒီနေ့ကတော့ သူမ ရုတ်တရက် အပြင်ထွက်ချင်နေသည်။ သူမက ချန်ပိုင်ဝမ်အား အနောက်ဘက်တောင်တန်းများသို့ နွေဦးပန်းပွင့်များ ကြည့်ရန် ပူဆာလေသည်။

မင်းသမီးက အပြင်ဘက်သို့ လိုက်ကာကို မကာ ခဏ ခဏ ကြည့်နေကာ တစ်ခုခုကို စောင့်နေသလိုပင်။ ခဏနေတော့ သူမမြင်ချင်သော အရာက ရောက်လာသည်။

"အာ? အရှင် ဟိုမှာ နောက်ထပ် လှည်းတစ်စီး မြန်မြန်သွားနေတယ်။ ဒီလို ညဘက်ကြီး ဘာကြောင့် အနောက်တောင်တန်းတွေဆီကို သွားနေတာလဲ? အမဲလိုက်ဖို့များလား?"

မင်းသမီးက အပြင်ဘက်သို့ လက်ညှိုးထိုးကာ ပုံမှန်ပင် ပြောလိုက်သည်။ ထက်ရှသော မျက်လုံးများရှိသော ချန်ပိုင်ဝမ်က လှည်းပေါ်ရှိ ချန်ပိုင်အမှတ်အသားကို မြင်နိုင်သည်။

"အဲ့ဒါ ချန်ပိုင်အမှတ်အသားပါတဲ့ လှည်းပဲ"

"ချန်ပိုင်အမှတ်အသား? အရှင်ကများ တစ်ယောက်ယောက်ကို အနောက်တောင်တန်းတွေဆီကို သွားဖို့ ခိုင်းထားတာများလား?"

ချန်ပိုင်ဝမ် ငြင်းပယ်လိုက်သည်။ မင်းသမီးကလည်း အံ့သြသွားသည်။

"မြန်မြန် အဲ့လှည်းကို ရပ်ခိုင်းစမ်း"

လှည်းထဲ၌ ရှန်ယုက ချန်ပိုင်ဝမ်နှင့် တွေ့လျှင် ပြောရန် မှတ်စုအချိုးကို ရေးနေသည်။ သို့ပေမဲ့ ချန်ပိုင်ဝမ်က သူ၏ လက်ဟန်များကို ဖတ်ရန် စိတ်မရှည်ချေ။

"ဝါး...."

လှည်းကာ ရုတ်တရက် ရပ်တန့်သွားကာ ရှန်ယုလက်ထဲက မှတ်စုမှာလဲ လွတ်ကျလုနီးပါးပင်။

လမ်းပေါ်မှာ ရပ်ထားသော ပိုကြီးသော လှည်းတစ်စီးမှ မင်းသမီး ထွက်လာကာ သူတို့ဆီသို့ လာလေသည်။

Silent Lover (novel)Donde viven las historias. Descúbrelo ahora