အပိုင်း (၂၂) ရေအကျဉ်းထောင်

1.6K 165 3
                                    

Unicode Version

ရှန်ယုက အိပ်ရာပေါ်ထိုင်ကာ နှလုံးက လည်ချောင်းထဲ ရောက်နေသည်အထိ တုန်နေကာ ကြောက်နေမိသည်။ နှုတ်ခမ်းတွေ တုန်နေကာ ခြေလက်တွေက ထုံနေသည်။ တံခါးက ရုတ်တရက် ပွင့်ကာ လေအေးအေးကြောင့် ရှန်ယု ကျုံကာ ထိုင်မိသည်။ ကြည့်လိုက်တော့ ဆုန်ကျွင်းဝင်လာသည်။

"အချိန်ရောက်ပြီ..."

သူကမင်းသားကို လိမ်ခဲ့တော့ သူသေချာပေါက် အပြစ်ပေးခံရတော့မည်။ သူခေါင်းဖြတ်ခံရမှာလား? အဆိပ်သောက်ရမှာလား? ကြိုးပေးခံရမှာလား? ဒါမှမဟုတ်လည်း တစ်နည်းနည်းပေါ့မင်းသားရဲ့  စိတ်နေစိတ်ထားအရ ရှန်ယုကို လွယ်လွယ်နဲ့သေခွင့်မပေးလောက်။

"သခင်မရှန် မင်းသားက ခေါ်လို့"

ဆုန်ကျွင်းအသံမှာ တည်ငြိမ်နေသည်။ ဒီတည်ငြိမ်နေတာကိုပင် ရှန်ယု ကြောက်နေမိသည်။ ရှန်ယုကြောင့် သေသွားတာ ကိုးယောက်ရှိပြီ။ သူလည်းပဲ သူတို့နောက်ကို လိုက်ရတော့မှာ...

ရှန်ယု ထကာ ဆုန်ကျွင်းနောက်ကို လိုက်သည်။ နန်းတော်က လှသည်။ အနက်ရောင်နဲ့ အဖြူရောင်တို့ကို အပြည့်ချယ်ထားသည်။ လူလုပ်ဂူတွေ တောင်တွေ... အပြင်က ဒီလိုလှတာကိုး...

ရှန်ယုအခုမှ နန်းတော်အပြင်ကို မြင်ရသည်။ ပြီးတော့ နောက်ဆုံးပဲ။

ဆုန်ကျွင်းက အရှေ့မှ ဦးဆောင်သည်။ အစောင့်တွေ အများကြီး ရပ်နေကြသည်။ အကျဉ်းထောင် ထင်တယ်။ ရှန်ယု လှုပ်တောင်မလှုပ်ချင်တော့။ လဲမကျသွားအောင် မနည်းထိန်းထားရသည်။

"မင်းသားရဲ့ အကျဉ်းထောင်? ထင်တဲ့အတိုင်း မင်းသားက သူ့ကို ရိုးရိုးသေခွင့်မပေး... ဒီထောင်က ငါ့ရဲ့အုတ်ဂူပဲ။ ငါသေရင် ဘယ်သူမှ သိသွားမှာတောင်မဟုတ်ဘူး။ အမေကလည်း ငါအသက်ရှင်ဦးမယ်လို့ ထင်မယ်။ ကောင်းပါတယ်။ သူမအတွက် မျှော်လင့်စရာ ရှိတာပေါ့"

"သခင်မရှန်"

ဆုန်ကျွင်းက ခေါ်လိုက်သည်။ သခင်မရှန် တနေ့လုံး စိတ်နဲ့လူနဲ့မကပ်တာကို သတိထားမိသည်။ သူ့ကို ကြည့်လိုက်တိုင်း မျှော်လင့်ချက်မရှိတော့သလို။ အတွေးထဲမှာ မျောနေသည်။

Silent Lover (novel)Where stories live. Discover now