အပိုင်း (၄) ပင်လယ်မြစ်ရေများ ပြောင်းပြန်စီးဆင်းမှု

2.8K 257 2
                                    

Unicode version

ရှန်ယုနိုးလာတော့ နေ့ခင်းပင်ရောက်နေပြီး မင်းသားမှာလည်း ထွက်ခွာသွာတာ ကြာလှပြီ။

ရှန်ယုတကိုယ်လုံး လဲကျတော့မတတ် နာကျင်နေသည်။ မင်းသားက သူ့ဘယ်လက်ကို အားနဲ့ကိုင်ပြီး ချုပ်ထားတာကြောင့် လက်ကျိုးနေသည်။

သူအောက်ပိုင်းမှာလည်း ပူနေပြီး နာနေသည်။ ရှန်ယုထကြည့်ပြီး အနာတွေက အပ်နဲ့ပေါက်ထားသလို နာကျင်နေသည်။

တစ်ညတည်းနဲ့ပင် သူကို သေအောင် သတ်နိုင်လေသည်။

နည်းနည်းလှုပ်တာနဲ့တင် မခံနိုင်အောင် တကိုယ်လုံးနာကျင်နေသည်။ သူဘာမှထပ်မလုပ်နိုင်တော့ပဲ ငိုနေမိသည်။ မင်းသားရဲ့မျက်လုံးထဲမှာတော့ သူ့မျက်ရည်တွေက ပန်းလေးပေါ်တင်နေသော မိုးစက်တွေလို လှပပြီး ပို၍နှိပ်စက်ချင်စရာကောင်းအောင် ဆွဲဆောင်နေသည်။

ရှန်ယု တစ်နေ့လုံး ရှင်းရှင်းလင်းလင်း မမှတ်မိ။ သူအမူးပြေလာတိုင်း မင်းသားသည် သူနားမှာ အမြဲရှိနေသည်။

သူ့တကိုယ်လုံး နာကျင်နေတာထက် မျက်ရည်များ တဖြေးဖြေး ခမ်းခြောက်လာသည်မှာ သိသာလေသည်။

ရှန်ယုသည် သူ့ကိုယ်ကို တုန်ယင်စွာ မထူလိုက်ပြီး ညိုမည်းနေသောအမှတ်အသားများကို တွေ့ရလေသည်။ သူ့ပေါင်သည်လည်း စိုထိုင်းကာ စီးကပ်ကပ် ဖြစ်နေသည်။

ရှန်ယု အိပ်ရာထဲမှ ထွက်လိုက်ပြီး အားနည်းမှုကြောင့် အမြပြင်ပေါ်သို့ လဲကျသွားသည်။ ခြေထောက်တွေမှာ အားမရှိတော့ ငြိမ်ငြိမ်ရပ်၍မရ။ အိပ်ယာကို အမှီပြုပြီး အဝတ်အစားတွေဆီသို့ သွားသည်။

ကြေးဇလုံထဲက ရေသန့်ကို သုံးကာ ရှန်ယုက မျက်နှာသုတ်ပုဝါကို စိမ်လိုက်ပြီး မျက်နှာ လက်တွေနှင့် တခြားညစ်ပတ်နေသောနေရာတွေကို သန့်ရှင်းလိုက်သည်။ ထို့နောက် အကျီလှလှလေး၊ ဖိနပ်နဲ့ ခြေအိတ်တွေကို ဝတ်လိုက်သည်။ ရှန်ယု အနာတွေကို ထိလိုက်တိုင်း ပိုပြီး နာကျင်သည်။

"ကောင်းတယ်။ အဖွားကြီးသင်ပေးတာတွေကို သုံးစရာမလိုတော့ဘူး"

ရှန်ယု နာကျင်နေသောကြားမှ ပျော်ရွှင်မှုကို ရှာမိပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်နေသည်။ မင်းသားသည်သာ သူ့ကို ပျော်ရွှင်မှုများ ဖြစ်စေသည်။ အဖွားကြီးဆီမှ ဆွဲဆောင်သောနည်းလမ်းများကို သူသုံးစရာမလိုတော့။

Silent Lover (novel)Where stories live. Discover now