အပိုင်း (၁၀) ပြစ်ဒဏ်

2K 192 4
                                    

Unicode version

မင်းသားက ရှန်ယုရဲ့ လက်တွေကို ကျောမှာချုပ်ထားကာ ကြိုးဖြင့် ‌တန်းမှာချည်ထားသည်။ သူတကိုယ်လုံးလေထဲမှာ တွဲလောင်း။

ရှန်ယုရဲ့ လက်တွေက သူ့တစ်ကိုယ်လုံးကို ထိန်းထားနေရသည်။ သူ့ဘယ်ဖက်လက်က ဒဏ်ရာရတာ ရက်တစ်ရာပင် ရှိသေးသည်။ ထို့ကြောင့်မသက်သာသေး။

သူက အရမ်းပင် နာကျင်နေကာ ချွေးများပြိုက်ပြိုက်ကျနေသည်။ နဂါးအော်သံလို လက်နက်ထုတ်လိုက်တဲ့အသံကို ကြားလိုက်ရသည်။ မင်းသားက သူ့ဓားကို ထုတ်လိုက်သည်။  ရှန်ယုရဲ့ သေခါနီး ဖြူဖျော့‌နေသောမျက်နှာကို ရောင်ပြန်ဟပ်ကာ တွေ့လိုက်ရသည်။

"သူဆက်သွားရင်..."

ရှန်ယုက ဆယ်ယောက်မြောက်သရဲအဖြစ် ကိုယ့်ကိုယ်ကို လက်ခံထားသော်လည်း မသေချင်သေး။ အေးစက်နေတဲ့ဓားက သူ့လည်ပင်းနား ရောက်နေတော့ မကြောက်ပဲ မနေနိုင်။

သူမင်းသားနဲ့ လက်ထပ်ထားတာ လဝက်ပင်ရှိသေးသည်။ သိပ်တောင်မကြာသေး။ ရှန်ယုကတော့ နှစ်တွေနဲ့ချီအောင် ကြာသွားပြီဟုပင် ထင်နေသည်။ သူလွတ်လပ်ချင်နေသည်။ သူသေခါနီး သူ့အမေကို သတိရမိသွားသည်။

ရှန်ယုကို တရားသူကြီးသမီးအဖြစ် အစားထိုးဖို့ ရွေးလိုက်တဲ့အခါက သူအမေက အကျီတွေ ရွှဲဆိုသည်အထိ ငိုခဲ့သည်။ သူမက "သားလေး နောက်နောင်မှာ ဘယ်လိုပဲ ဖြစ်ဖြစ် အမေကတော့ အသက်ဆက်ရှင်စေချင်တယ်" လို့ ပြောခဲ့သည်။

သူ့အမေက သူ့ကို ထိုနေရာလေးမှာ စောင့်နေသေးသည်။ ဘယ်လိုလုပ် သေနိုင်ရမှာလဲ? ရှန်ယုက သူ့အလောင်းကို ပြန်ပို့ခံရပြီး သူ့အမေ ဘယ်လောက်တောင် ရင်ကွဲနာကျလိုက်မလဲ? အခုတော့ သူမသေအောင်လို့ မင်းသားဆီက အနှစ်သက်ခံရဖို့သာ။

ရှန်ယုက ကြိုးစားပြီူ နှစ်လိုဖွယ် ဖြစ်ပအာင် ပြုံးပြလိုက်သည်။ အဖွားပြောတာအရ ယောင်္ကျားလေးတွေက ပန်းလေးလို ပြုံးနေတဲ့မိန်းကလေးတွေကိုသာ သဘောကျတာ။ ဘယ်လိုပဲ အမှားလုပ်မိလုပ်မိ ပြုံးပြကာ တောင်းပန်ရင်တော့ အခွင့်လွှတ်ခံရမှာပဲ။

သူလက်ကို ချည်ထားပြီးတောင် ပြုံးနေသေးတယ်။ ဒီအ,အက ဘာတွေထပ်လုပ်‌နိုင်သေးလဲ?

Silent Lover (novel)Where stories live. Discover now