အပိုင်း (၄၇) မင်းကိုယ်က အစကတည်းက ညစ်ပတ်နေပြီးသား

930 78 4
                                    

Unicode Version

"ဘာတွေရှာနေတာလဲ?" အပြင်မှာ စောင့်နေသော ဆုန်ကျွင်းက မနေနိုင်ကာ မေးလိုက်သည်။

ရှန်ယုက အိပ်ရာပေါ်၌ စိတ်ပျက်လက်ပျက် ထိုင်နေကာ ခေါင်းကို ခါလိုက်သည်။ ချန်ပိုင်ဝမ် သူ့အား ပေးထားသော ကျောက်စိမ်းနဂါးဆွဲကြိုးပြား ပျောက်သွားသည်ကို ပြောပြရန် ကြောက်ရွံ့နေမိသည်။

ရှန်ယု မပြောပြတော့ ဆုန်ကျွင်းလည်း ထပ်မမေး‌ချေ။ ရှန်ယု နေကောင်းလာအောင် ဘယ်လို အားတင်းကာ နေထိုင်သည်ကို သိသောအခါ သူဘာကို လုပ်ချင်မှန်း အလွယ်တကဓ ခန့်မှန်းနိုင်သည်။

"အရှင့်ကို မင်းအလှနဲ့ သူ့စိတ်ပြောင်းအောင် လုပ်မလို့လား?"

ရှန်ယု၏ မျက်နှာက မှောင်မဲသွားသည်။ သူ့စိတ်ကို ပြောင်းရန် မဟုတ်ချေ။ သူက ချန်ပိုင်ဝမ်အား ရှင်းပြရန် အခွင့်အရေးကိုသာ လိုချင်သည်။ သူသာ နေမကောင်းသေးဘဲ သွားလျှင် ချန်ပိုင်ဝမ်က သူ့ကို တွေ့ချင်မည်မဟုတ်။ ချန်ပိုင်ဝမ်က သူ့ကို ရူပါကို နှစ်သက်တာကြောင့် ရှန်ယု ထိုအတိုင်းလုပ်ရန် စီစဥ်ထားသည်။

ဆုန်ကျွင်းက ပြောချင်နေသော စကားများကို ‌ပြန်မျိုချလိုက်သည်။ တစ်ချို့အရာတို့ကို မပြောသင့်ချေ။ လန်ကျူရှုတောင်မှာ ရှန်ယု မြင်းစီးသင်ယူတဲ့အချိန်တုန်းကလိုပင် ထိုအရာက ချန်ပိုင်ဝမ်ကို မပျော်မရွှင် ဖြစ်စေလိမ့်မည်။

ရှန်ယုနှင့် ဆုန်ကျွင်းက အပြစ်ကင်းစင်တယ်ဆိုတာကို ချန်ပိုင်ဝမ် တကယ် မသိတာများ? မဟုတ်ဘူး။ သူက သူ့တို့ကို စည်းအပြင်ကို မထွက်စေချင်တာ။ မဟုတ်ရင် ဆုန်ကျွင်းက ရှန်ယုကို ဆက်စောင့်ရှောက်ပေးနိုင်မည် မဟုတ်။

အစက ရှန်ယုသည် ကျောက်စိမ်းဆွဲကြိုးပြားကို ဆွဲကာ အတိတ်က သူတို့၏ အချစ်များကို အရှင် မှတ်မိလာစေပြီး သူ့အား ရှင်းပြခွင့်လေးပေးရန် ဖြစ်လေသည်။ အခု ကျောက်စိမ်းပြားလေးက ပျောက်သွားတော့ ရှန်ယု ထိုအစီအစဥ်ကို မလုပ်နိုင်တော့။ သူ စိတ်မသက်မသာဖြစ်မှုကို အားတင်းကာ နေလိုက်သည်။

ရှန်ယုကို အံ့အားသင့်စေသည်က စာကြည့်ဆောင်၏ တံခါးစောင့်များက သူလာကြောင်းကို ‌လျှောက်တင်သည်နှင့် ချန်ပိုင်ဝမ်က သူ့ကို ဝင်ခွင့်ပေးလေသည်။

Silent Lover (novel)Waar verhalen tot leven komen. Ontdek het nu