68

1.4K 75 10
                                    

အပိုင်း (၁၀၁)

အငြင်းခံလိုက်ရသော ရှောင်ဇီယဲ့သည် ထိုအရာကို နေသားကျနေပြီး ဖြစ်ကာ ရှန်ယု၏ နှလုံးသား ခုခံမှုကို စိတ်ရှည်စွာဖြင့် ဖွင့်ဟရန် စီစဥ်ထားသည်။

"ယုအာ ယွမ်မန်နဲ့ ချူကလန်ရဲ့ အကြောင်းတွေကို ‌ရေးထားတဲ့ စာတွေ ရှိတယ်။ ကြည့်ပြီးတော့ မင်းရဲ့ ကလန်သားတွေကို ရှာဖို့ ကူညီမယ်လေ"

ရှန်ယုက ရှပ်ပွနေသော သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသော စာအုပ်များစွာကို ကြည့်ကာ ယွမ်မန်၏ ချူကလန်ကို "အုတ်ဂူစောင့်"ဟု ခေါ်သည်ကို သိလိုက်ရသည်။ သို့သော် ချူမိသားစုနှင့် ယွမ်မန်ဒေသခံများသည် အချင်းချင်း လက်ထက်ကြကာ ကိုယ်လုပ်တော်များက နည်းပါးလှလေသည်။ ချူကလန်၏ နောက်ဆုံးအကြောင်းအရာမှာ လွန်ခဲ့သော အနှစ် သုံးဆယ်ခန့်က ဖြစ်သည်။

ရှည်လျားသော မှတ်တမ်းက ရှန်ယုကို ပို၍ မျက်စိလည်သွားစေသည်။

"ယုအာ မင်းဘာတွေ တွေးနေတာလဲ?"

ရှောင်ဇီယဲ့က ရှန်ယုကို သေသေချာချာ စိုက်ကြည့်နေပြီး အမူအရာ ပြောင်းသွားမည်ကို စေ့စေ့စပ်စပ် ကြည့်နေသည်။

ရှန်ယုက ခေါင်းခါလိုက်သည်။ သူက ရှန်မိသားစု၌ မွေးဖွားခဲ့သည်။ ယွမ်မန်သို့ တစ်ခါမျှ မရောက်ဖူးချေ။ သူ၏ ဘိုးဘေးများရှိရာ အိမ်ကို ဘယ်လို မှတ်မိနိုင်မည်နည်း?

ရှောင်ဇီယဲ့က ဆက်ပြောလေသည်။ "မင်းအမေက မင်းရဲ့ ဘိုးဘေးတွေ အကြောင်းကို ပြောခဲ့တာလား?"

ဟင့်အင်း တချို့သော ပုံပြင်များမှ လွဲ၍ သူ၏ မိခင်က သူမ၏ ဇာတိအကြောင်းကို မပြောပြဖူးချေ။ သူ့အဖေ အကြောင်းပင် မပါချေ။

ရှန်ယုက ဧကရာဇ်ယဲ့က သူ့အား ပို၍ စိတ်အားထက်သန်စွာ ကြည့်နေသည်ကို ခံစားလိုက်ရသည်။ ဧကရာဇ်ယဲ့က နည်းနည်း စိတ်ပျက်သွားသည်။ ရှန်ယုက ချူကလန်က ဆိုပေမဲ့ ကလန်အကြောင်းကို နည်းနည်းမျှပင် သိဟန်မတူပေ။

ဧကရာဇ်ယဲ့က မျှော်လင့်ထားသော အဖြေကို မရသောအခါ စိတ်မပျက်သွားချေ။ သူက စစ်ပွဲမြေပုံကို အာရုံစိုက်နေကာ ချန်ပိုင်ဝမ်၏ စစ်တပ်က မြစ်ဝါ၏ မြောက်ဘက်ကမ်းမှာ ရှိသည်။ မြစ်ဝါက ရေစီးကြမ်းသည်။ မြစ်ကို ရေစီးအားနည်းသော နေရာ‌နှစ်ရာမှ ဖြေးဖြေးချင်း ဖြတ်ကာတက်လာပါကာ ချန်ပိုင်ဝမ်၏ အင်အားဖြင့် ချုံခိုတိုက်ရင် ချန်ပိုင်ဝမ်၏ စစ်တပ်ကို မတားနိုင်မည်ကို စိုးရိမ်မိလေသည်။

You've reached the end of published parts.

⏰ Last updated: Feb 06, 2023 ⏰

Add this story to your Library to get notified about new parts!

Silent Lover (novel)Where stories live. Discover now