အပိုင်း (၅၇)

798 85 30
                                    

Unicode Version

အပိုင်း (၈၈)

ချန်ပိုင်ဝမ်အတွက် ရှန်ယုဆီသို့ လမ်းလျှောက်ရန် မျက်စိတစ်မှိတ်အတွင်းသာ ကြာလေသည်။ သို့သော် ရှန်ယုအတွက် တစ်စက္ကန့်မှာ တစ်နှစ်လောက် ကြာညောင်းသည်ဟု ခံစားရကာ ချန်ပိုင်ဝမ် စူးရှပြီး အေးစက်သောအကြည့်က ရှန်ယု၏ ဝိဉာဥ်ကိုပင် ဖောက်ထွက်မတတ်ပင်။ ရိုးတွင်အထိပင် အေးစက်မှုကို ခံစားလာရကာ ချန်ပိုင်ဝမ်၏ ခြေလှမ်းတစ်လှမ်းချင်းစီက ရှန်ယု၏ နှလုံးသားအား တဒုန်းဒုန်း ထုနေသလိုပင်။

"ငါမေးနေတယ်‌ ဘယ်လိုလုပ်ပြီး စန်းလော့လျူဆီမှာ ဒီကျောက်စိမ်းပြားက ‌ရောက်နေရတာလဲ?"

ချန်ပိုင်ဝမ်၏ အသံက သိပ်မကျယ်ချေ။ သူ၏ နှုတ်ခမ်းက ရှန်ယု၏ နားနားကို ထိလုနီးပါးဖြစ်နေသည်။ သူ၏ စကားများက ရှန်ယုအား သတိမကပ်ခြင်းမှ နိုးကြားသွားစေကာ နားများက ‌ပူထူလာသည်။

"ကျ ကျနော်... တောင်တန်းမှာတုန်းက ပျောက်သွားတာ..."

ရှန်ယုက လက်ကို မြောက်ကာ ရိုးရှင်းသော လက်ဟန်တစ်ချို့ကို ပြုလုပ်လိုက်သည်။ လက်ဟန်များမှနေ၍ ရှုပ်ထွေးသော စာကြောင်းများကို သူ မပြောနိုင်ချေ။ ရှန်ယုသည် လက်ဟန်ဖြင့် လူများကို စကားမပြောဖူးသည့်အတွက် လက်ဟန်ဖြင့် ပြောနိုင်သော အရာများမှာ နည်းပါးလှသည်။

"ပျောက်သွားတယ်?"

ချန်ပိုင်ဝမ်က အရမ်း အံ့သြစရာကောင်းစွာ ပြုံးလိုက်သည်။

"အဲ့တာက မင်း ဧကရာဇ်ယဲ့အတွက် မင်းအကျီကို ချွတ်ပေးခဲ့တဲ့ ညကမလား?"

ရှန်ယု ကြောင်အသွားသည်။ လင်းလုံအဖြူရောင်ကျောက်စိမ်းအံစာတုံးကို ချန်ပိုင်ဝမ် ဖျက်စီးခဲ့ပြီးနောက် ချန်ပိုင်ဝမ်၏ နှလုံးသား ကင်းမဲ့လှသော စကားများက ပြီးဆုံးသွားပြီဟု ထင်ခဲ့သည်။ အာ... ချန်ပိုင်ဝမ်က ထိုညက ဖြစ်ပျက်သော အရာများနှင့် ပတ်သက်ပြီး ‌‌ဒေါသထွက်နေဆဲပင်....

"မင်း မပြောခဲ့ဘူးဆိုတာကို ငါမှတ်မိတယ်။ ....အခု ငါ့ကို ပြောစမ်း အဲ့ည မင်းဘာကို မပျောက်ခဲ့ဘူးလဲ? မင်းရဲ့ စင်ကြယ်မှုလား? စန်းလော့လျူလို နိမ့်ကျတဲ့ သူကိုတောင်မှ မင်းရဲ့ အိပ်ရာထဲကို ဝင်ခွင့်ပြုတယ်? ယောကျာ်းအားလုံးက မင်းရဲ့ ခင်ပွန်းလို့များ ထင်နေတာလား?"

Silent Lover (novel)Where stories live. Discover now