အပိုင်း (၁၉) ဆေး

1.7K 175 1
                                    

Unicode Version

ဖိန်ရှိစိက အနာတွေကို ဆေးထည့်လို့ပြီးတော့ မှာစရာရှိတာမှာနေသည်။ မင်းသားကလည်း ဆေးကို အစေခံတွေကို ဖြေခိုင်လိုက်သည်။

မင်းသားက ရှန်ယုကို ဆေးတိုက်လိုက်သည်။ ဒါပေမဲ့ သူက မမြိုချ။ ပါးစပ်ကနေ ပြန်ထွက်လာသည်။

"သောက်လေ ဒါမှငါ့ကို ပြုစုလို့ရမှာ"

မင်းသားက ဘယ်သူ့ကိုမှ ဂရုမစိုက်ဖူးဘူး။ အမိန့်ပဲပေးဖူးသည်။ ရှန်ယုက ပြန်မတုန့်ပြန် ပြန်မပြုံးကြ။ သူက တစ်ခုခုကို ဆုံးရှုံးရတော့မလို ခံစားလိုက်ရသည်။

"သောက်!"

မင်းသားစိတ်တွေမထိန်းနိုင်တော့။ ရှန်ယုကို မကာ ဆေးကို အတင်းတိုက်သည်။ သို့သော်လည်း ဆေးအားလုံးပြန်ထွက်လာသည်။

ခွမ်း...! ဆိုပြီး မင်းသားက ဆေးပန်းကန်ကို ခွဲလိုက်သည်။

"နောက်တစ်ခွက် ပြန်ဖျော်စမ်း!"

မင်းသားက တံခါးပေါက်မှာ ဒူးထောက်နေတဲ့ ဆုန်ကျွင်းကို ဆောင့်ကန်လိုက်သည်။ အသံအကျယ်ကြီး ထွက်လာကာ ဆုန်ကျွင်းက မြေပေါ်ပြန်လဲကျသွားသည်။

"ငါ သူ့ကို ဂရုစိုက်ဖို့ ပြောထားတယ်လေ။ မင်းဘာတွေလုပ်ခဲ့တာလဲ?!"

"ကျနော့်အမှားပါ"

ဆုန်ကျွင်းမျက်နှာက နာကျင်နေကာ အသံပင်မထွက်နိုင်တော့။

"မင်းသမီးက လုက်ခဲ့တာလား?"

ဆုန်ကျွင်းက ထောက်ခံလိုက်သည်။ မင်းသမီးကလွဲလို့ ဘယ်သူမှ မင်းသားရဲ့အရာတွေကို မထိရဲ။ ဒါဖြစ်တာ တစ်ခါထက်ပိုနေပြီ။

"ဘာလို့ အစကတည်းက ငါ့ကို မပြောရတာလဲ?"

ဆုန်ကျွင်းက ခေါင်းငုံကာ ဖြေလိုက်သည်။ "သခင် မင်းသမီးရဲ့ ဆိုးဝါးတဲ့ပုံကို မသိတာလည်း မဟုတ်ပါဘူး။ အရှင့်သားက သခင်မရှန်ကို ပစားပေးတော့ သူမ အရမ်းမနာလိုဖြစ်ပြီး ပိုဆိုးကုန်တာပါ"

ဆုန်ကျွင်းက ရှန်ယုကို ဘယ်လို နှိပ်စက်ထားတယ်ဆိုတာကို မှတ်ထားသည်။ မင်းသားသိဆတာ့ သူ့မျက်နှာက ပိုပိုပြီး မဲသွားသည်။

Silent Lover (novel)Where stories live. Discover now