အပိုင်း ၄၀ : မြားပစ်ပြိုင်ပွဲ

1.6K 114 18
                                    

Unicode Version

ရှန်ယု ထိတ်လန့်သွားကာ ရပ်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

သူက ဘာလို့ အဲ့လို ပြောရတာလဲ? အထဲကို မဝင်ဖို့ အသေအချာကြီးကို ပြောခဲ့တာလေ? ဘယ်လိုလုပ်ပြီး အထဲဝင်နားဖို့ ခေါ်တယ်လို့ ဖြစ်သွားရတာလဲ? ရှောင်ဇီယဲ့၏ အပြုံးမှာ တောက်ပပြီး အမှန်တကယ်ကို ကျေးဇူးတင်နေပုံ ပေါက်နေသည်။

"မဟုတ်ဘူး မဟုတ်ဘူး" ရှန်ယု ရင်ထဲမှ အော်ဟစ်နေမိသည်။ သို့သော်လည်း ခေါင်းခါပြီး လက်ယမ်းပြသည်မှလွဲ၍ သူဘာကိုမျှ မလုပ်နိုင်ခဲ့။

"ကြည့်ရတာ မင်းငါ့ကို မမှတ်မိဘူးလား? မူးနေပြီးတော့ ငါမိတ်ဆက်ဖို့ မေ့သွားခဲ့တယ်"

ရှန်ယုက ချက်ချင်းပင် ပူပန်စွာနှင့် ချန်ပိုင်ယုကို လှမ်းကြည့်လိုက်သည်။ သို့သော် နားမလည်သော မျက်ဝန်းစူးစူးများကိုသာ ပြန်ရလေသည်။ ချန်ပိုင်ဝမ်က ဘာမျှမပြောသော်ငြား သူ အင်ပါယာယဲ့၏ စကားများကို ယုံကြည်သည်မှာ သိသာလှသည်။

"ရွှမ်းရှောင် အတော်ပဲ" အင်ပါယာယဲ့က ပျော်ပျော်ရွှင်ရွှင် ပြောလေသည်။ "မနေ့က ငါမူးပြီး အိမ်တော်ထဲမှာ လျှောက်သွားနေမိတယ်။ မတော်တဆလမ်းပျောက်ပြီး ရှောင်ဟွားအဆောင်ကို ရောက်သွားတယ်။ ငါ့ဖိနပ်တွေ ခြေအိတ်တွေက နှင်းတွေနဲ့ စိုနေခဲ့တာ။ ကံကောင်းပြီး ရှန်ယုက ငါ့ကို အထဲခေါ်ပြီး နားခိုင်းလို့။ ငါ လောလောနဲ့ ကျေးဇူးတင်ဖို့ မေ့သွားတယ်"

ရှောင်ဇီယဲ့က အားလုံးကို ဆီလျော်စွာ ပြောလေသည်။ ရှန်ယုက နားမလည်ချေ။ သူက အင်ပါယာလေ ဘာလို့ သူက ဇာတ်လမ်းတွေ ခင်းနေရတာလဲ? သူတို့ကြားမှာ ဘာမှမဖြစ်ခဲ့ပေမဲ့ ချန်ပိုင်ဝမ်က...

"အို? မင်းတို့က အစောကတည်းက တွေ့ပြီးပြီဆိုတော့ ထပ်မိတ်ဆက်စရာမလိုတော့ဘူးပေါ့"

ချန်ပိုင်ဝမ်က "တွေ့ပြီးပြီပေါ့" ဟူသော စကား၌ ရှန်ယုကို စေ့စေ့စိုက်စိုက် ကြည့်နေသည်။

"ဟမ်? အကိုတော် မနေ့က ကိုယ်လုပ်တော်ရင်နဲ့ တွေ့တာက ပထမဆုံးအကြိမ်မလား? အရင်က မသိကြဘူးလား?" ဟူ၍ မင်းသမီးက သိချင်စိတ်နှင့်‌ မေးလေသည်။

Silent Lover (novel)Where stories live. Discover now