အပိုင်း (၆၂)

717 51 0
                                    

Unicode Version

အပိုင်း (၉၄) တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ စောင့်ခြင်း

"ဒါပေမဲ့ ဒီကမ္ဘာမှာ သေခြင်းက အလွယ်ဆုံးပဲ။ ဘယ်လိုလုပ် ဝမ်ရယ်က မင်းအတွက် စျေးပေါနေရမှာလဲ?"

မင်းသမီးက ငုံ့လာကာ ရှန်ယုအား တိတ်တဆိတ် ကြည့်နေသည်။

"မင်း ငါ့ကို အပြစ်မတင်နဲ့။ မင်းကို အရမ်းချစ်လွန်းတဲ့ ဝမ်ရယ်ကိုသာ အပြစ်တင်။ ဝမ်ရယ် မင်းကို ညီးညူလာဖို့အတွက် ငါ အများကြီး ကြိုးစားခဲ့တယ်။ ဝမ်ရယ်က မင်းရဲ့ ကိုယ်ကို ကြိုက်တယ်ဆိုလို့ ငါ မင်းကို အဆိပ်တစ်ချို့ပေးတယ်။ မင်းရဲ့ကိုယ်က နေ့ခင်းလို မကောင်းဘူးဆိုတာကို သိအောင်လို့ပေါ့။ အဲ့လိုဆို ဝမ်ရယ်က မင်းကို သနားပြီး ကျောက်စိမ်းလို အမြတ်တနိုးထားနေမှာ မဟုတ်ဘူး။ မင်းလည်း အသက်ရှည်နေမှာ မဟုတ်ဘူး။ မင်း ချန်ပိုင်အိမ်တော်မှာ ရှိနေတုန်း မင်းကို သတ်ပစ်ချင်စိတ်ကို ထိန်းမရဘူ။ နေ့ရော ညရော နာကျင်ခြင်းတွေ အမုန်းတွေကို သည်းခံနေရတယ်"

ရှန်ယု အသက်ပြင်းပြင်းရှုလိုက်သည်။ သူ တစ်ကိုယ်ကောင်းဆန်ခဲ့ရင် ဆန်ခဲ့မယ်။ သူ သူ့ဖြစ်တည်ခြင်းကို မည်သည့်အခါကမှ မတွေးမိ။ သူ မင်းသမီးအတွက် မကောင်းမှုကို ယူလာမိပြီး သူမကိုယ်သူမ မုန်းမိအောင်ပင် လုပ်မိခဲ့သည်။

"ငါ မစောင့်နိုင်ဘူး။ ဒါကြောင့် ငါ အရှင့်ကို မေးပြီး မင်းကိုပါ ခေါ်လာဖို့ လုပ်ခဲ့တယ်။ ဝံပုလွေတွေတဲ့ တောင်ဆီကို အမဲလိုက်ဖို့ ခေါ်သွားတယ်။ ဧကရာဇ်အကိုတော်က ငါ့ဆီကနေ  ဖုန်းကွယ်ပြီး နန်းတော်က အစောင့်စစ်သည်ကို ရှုန်းနူအယောင်ဆောင်ခိုင်းပြီး မင်းနဲ့အတူ ရှိဖို့အတွက် လုပ်ခဲ့တယ်။ ပြီးတော့ မင်းကို အနာတရဖြစ်အောင် မလုပ်ခိုင်းဖို့ အတန်တန် ပြောခဲ့တယ်... ငါ လုံးဝကို နားမလည်နိုင်ဘူး။ ဘာလို့ ဧကရာဇ်အစ်ကိုတော်တောင် မင်းကို ကာကွယ်ပေးနေရတာလဲ? သူ ငါ့ကို တစ်ခါမှ မရိုက်ဖူးဘူး။ ဒါပေမဲ့ ငါ့ကို မင်းကြောင့် ရိုက်ခဲ့တယ်။ ပထမဆုံးအကြိုက် သူက ငါ့ကို ရိုက်ခဲ့တယ်။ ငါသိတယ် ဒါကြောင့် မင်းကို ချောက်ထဲတွန်းချခဲ့တယ်။ မင်းက ယောကျ်ားအကုန်လုံးကို လိုက်ပြီး မြူစွယ်နေတာပဲ"

Silent Lover (novel)Nơi câu chuyện tồn tại. Hãy khám phá bây giờ