အပိုင်း (၄၉) : ဟုန်လျန် / ဟုန္လ်န္

730 67 10
                                    

Unicode Version

အပြစ်ကင်းစင်သော ရှန်ယု၏မျက်နှာကို မြင်သောအခါ ဆုန်ကျွင်း စကားတို့ မဲ့သွားသည်။

"အရှင် သူ..."

သူ တစ်နေရာရာမှာ အပျော်ရှာနေတာ....

ဆုန်ကျွင်းက ထိုစကားကို ပြောခါနီး ဖြစ်သွားပေမဲ့ ရှန်ယု ခံစားနေရမှာကို မလိုချင်ပေ။ အဆုံးမှာတော့ သူမပြောနိုင်ခဲ့ဘူး။

"အရှင်က ပြောတယ် သူက ဒီရက်ပိုင်း စစ်ရေးစစ်ရာတွေနဲ့ အလုပ်ရှုပ်နေတာ။ သူအားရင် ရှောင်ဟွားအဆောင်ကို လာမယ်တဲ့။ သူကို မနှောင့်ယှက်ဘဲ စိတ်ရှည်ရှည် စောင့်ရအောင်လေ"

ရှန်ယုက ခေါင်းငုံ့လိုက်ကာ သူ့စိတ်က မှောင်မှိုင်းသွားသည်။ သို့သော် သူ တောက်ပသောအပြုံးတစ်ခုကို ဖော်ပြလိုက်ကာ ခြံထဲက ကျောက်တုံးခုံ၌ ထိုင်လိုက်သည်။

သူ ငယ်ငယ်တုန်းက နေခဲ့တဲ့ သစ်သားတဲကလေးကို ပြန်ရောက်သွားသလိုပဲ။ နေ့တိုင်း သူ့အလုပ်တွေ ပြီးသွားရင် သူ့အမေ မီးဖိုချောင်က ဟင်းကျန်ထမင်းကျန်တွေ ခိုးယူလာမှာကို ‌သူအခုလိုမျိုး စောင့်နေခဲ့ရသည်။ သူတို့ ကံကောင်းရင် ရှန်ယု ငါးခေါင်းနှင့် ကြက်ဥပြုတ်ကို စားနိုင်လေသည်။

အခုလည်းပဲ အဲ့လိုပဲ။ အစာနဲ့ အဝတ်တွေ လုံလောက်နေတာက လွဲရင်ပေါ့။ သူက တစ်နေ့လုံး အစားအစာ‌အကြောင်းကို စိတ်ကူး‌ရင်နေစရာမလိုဘူး။ သူက ချန်ပိုင်ဝမ် အသား ရှိရလား မရှိရလားဆိုတာကိုပဲ ‌တွေးတောနေမိသည်။ အစားအသောက်နှင့် ပတ်သက်ရင် ချန်ပိုင်ဝမ်က တစ်ခါမျှ မတင်းကျပ်ခဲ့ပေ။

ကလေးတုန်းက အစားတစ်လုပ်အတွက် စောင့်ခဲ့ရသည်။ သူ အခုကြီး‌လာတော့ ချန်ပိုင်ဝမ်၏ နှစ်သက်မှုကို စောင့်နေရသည်။ နောက် ရှန်ယု သတိထားမိလာတာက တစ်ခုခုကို တောင်းပြီး ရလာရင် ပိုပြီး စျေးပေါလေပဲ။

အစေခံများက ရှောင်ဟွားအဆောင်သို့ မလာကြချေ။ ချန်ပိုင်ဝမ်ဆို ပိုဆိုး။ နှစ်ရက်ကြာစောင့်ပြီးတော့ ရှန်ယု ခြေသံများကို ကြားလိုက်ရသည်။

ရှန်ယု ပျော်ရွှင်စွာဖြင့် ခေါင်းမော့ကြည့်လိုက်တော့ လှပစွာ ပြင်ဆင်ဝတ်ဆင်ထားပြီး တောက်ပသော အရောင်များနှင့် ဆံပင်ကို ထုံးဖွဲ့ထားသော သူတစ်ယောက်ကို တွေ့လိုက်ရသည်။ မြင်မြင်ချင်း ရှန်ယုက ထိုအရာများက ပါတီပွဲများ၌ အသုံးပြုသော အလင်းအလက် ရောင်စုံအစများဟုပင် ထင်မိသည်။

Silent Lover (novel)Where stories live. Discover now