အပိုင်း (၆၄)

826 84 1
                                    

Unicode Version

အပိုင်း (၉၆) အိမ်မက်ဆိုး

ဆယ်ရက်ကြာပြီးနောက် မြောက်ပိုင်းမြို့တော်၏ ကျင်းဟွေ အဆောက်အဦး၌ အနက်ရောင်ဝတ်စုံဝတ်ထားသော ဓားကိုင်အဖွဲ့သည် တွေ့သမျှ လူများကို သတ်ဖြတ်ကာ နာရီဝက်အကြာတွင် သွေးချောင်း စီးသွားသည်။ အသက်ရှိသူများ မရှိတော့မှသာ အနက်ရောင်ဝတ်စုံဝတ်ထားသော ဓားကိုင်အဖွဲ့သည် အဆောက်အဦးအား မီးရှို့ပစ်ကာ အနီးအနားမှ ဆိုင်များကို မီးလောင်စွဲစေသည်။

သွေးချောင်းစီးပြီးနောက် မြောက်ပိုင်းမြို့တော်ရှိ အစည်ကားဆုံးနေရာမှာ ပျက်စီးနေသော သစ်သားအပိုင်းအစသာ ကျန်ခဲ့လေတော့သည်။ ကမ္ဘာ၌ ကျင်း‌ဟွေအဆောက်အဦး မရှိတော့ချေ။

ကျင်းဟွေအဆောက်အဦး ပျက်စီးသွားခြင်းသည် လောက၌ အပြောင်းအလဲများစွာကို ဖြစ်ပွားလာစေသည်။

တာ့ကျင်း၏ နှစ်၂၈၉ပြည့် ဧပရယ်လလယ်တွင် ဧကရာဇ်ယဲ့သည် ကျွင်းရွှမ်ရှောင်လက်၌ ရှိသော ချန်ပိုင်စစ်တပ်၏ ကျားတံဆိပ်ကို ရုတ်သိမ်းရန် အမိန့်ထုတ်ခဲ့ကာ ပြောင်မြောက်လှသော တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် ဧကရာဇ်လက်အောက်၌ ကျိုးချူဝမ်ရယ်အဖြစ် အနားယူစေသည်။

ချန်ပိုင်ဝမ်သည် ချန်ပိုင်စစ်တပ်ကို ဆုံးရှုံးသွားသည်က သူ၏ ခြေလက်များကို ဖြတ်တောက်လိုက်သလိုဖြစ်ပြီး ဤနည်းဖြင့် ဧကရာဇ်ယဲ့က သူ၏ စစ်တပ်အာဏာကို လျှော့ချလိုက်ခြင်းဖြစ်သည်။ စစ်သည်များက အင်အားကြီးလာသော အဓိကပြဿနာများကို သွေးထွက်သံယို မလုပ်ခဲ့ကြချေ။ ချန်ပိုင်ဝမ်သည် အနာဂတ်၌ မင်းသားတစ်ပါးအဖြစ်သာ ရှိနိုင်မည်ဖြစ်သည်။

သို့သော် ချန်ပိုင်ဝမ်က ထိုအရာအား သဘောကျမည်ထင်သလား?

သုံးရက်ကြာ ငြိမ်သက်ပြီးသည့်နောက် ချန်ပိုင်ဝမ်သည် သစ္စာဖောအမတ်များက  ဧကရာဇ်ယဲ့အား ဖမ်းဆီးကာ ဓားစာခံအဖြစ်ထားထားသည်ဟု ကြေညာခဲ့လေသည်။

ချန်ပိုင်ဝမ်သည် ချက်ချင်းပင် တောင်ဘက်သို့ စစ်တပ်ကို ဦးဆောင်ကာ ဧကရာဇ်အား ကယ်တင်လေသည်။

မြောက်ပိုင်းရှိ လူများက အလွန်အမင်း ထောက်ခံကြပြီး ချန်ပိုင်ဝမ်က မြောက်ပိုင်းမှ ရှုန်းနူများကို သတ်ပြီးနောက် တာဝန်မကျေသော ဧကရာဇ်အား အလွန်အမင်း ရှုံ့ချခဲ့ကြသည်။

Silent Lover (novel)Where stories live. Discover now