အပိုင်း (၁၆) ဝဋ်ကြွေး

1.7K 164 6
                                    

Unicode Version

မင်းသားက စောစောထတတ်တဲ့အကျင့် ရှိသည်။ မနက်စောစောမှာ သူက အိပ်ရာမှာ ထိုင်နေကာ ရှန်ယုက သူ့ပေါင်ပေါ်မှာ ခေါင်းဦးပြီး ဖက်အိပ်နေသည်။

မင်းသားက အဝတ်အစားဝတ်ချင်တော့ ရှန်ယု လှုပ်လာသည်။ သူက မင်းသားရဲ့ အကျီကို အိပ်နေရင်းနဲ့ ဆွဲလိုက်သည်။

ရှန်ယုက မင်းသားလက်ကို သူ့ခေါင်ပေါ် တင်လိုက်သည်။ ထို့နောက် သူပုံက သက်သာရာရသွားသလို။ အရမ်းကို ပင်ပန်းနေပေမဲ့ သူ့ကိုယ်က သိနေသည်။ မင်းသားက ထွက်သွားဖို့လုပ်တိုင်း သူက မြဲမြဲဆွဲထားသည်။

"နှစ်နာရီပဲရှိသေးတာ။ ထပ်အိပ်ဦး"

မင်းသားက သူ့အဆောင်ကို ပြန်ရောက်တိုင်း ရှန်ယုအနားမှာသာနေသည်။

ရှန်ယုက အသံအော်အော်တစ်ခုကို ကြားရတော့ နိုးလာသည်။ ထထိုင်ချငပေမဲ့ လက်မောင်းတွေမှာ အားမရှိ။ ထို့ကြောင့် မင်းသားရင်ခွင်ထဲကို ဝင်မိသွားသည်။

သူက တုန်ယင်စွာ မင်းသားရဲ့ အကျီစကို ဆုပ်ကိုင်ထားမိသည်။

"မျက်မှောင်မကျုံ့ပါနဲ့ မင်းပြုံးတာကိုပဲ ကြည့်ချင်တာ"

မင်းသားက သူ့လက်ကို ဖြည်ဖို့ ကြိုးစားနေသည်။ ထိုအခါ ရှန်ယုက ထိတ်လန့်ကာ အိပ်မက်လို ခံစားနေရသည်။ သူပိုပြီး ဝမ်းနည်းလာသည်။

"ငါ့မှာ လုပ်စရာလေးတွေရှိသေးတယ်။ ညရောက်ရင် လာခဲ့မယ်"

"မသွားနဲ့"

ရှန်ယုသာ စကားပြောနိုင်ရင် သူမင်းသားကို သေချာပေါက် တားမိမှာပဲ။ သူ့နားမှာနေဖို့ တောင်းဆိုမိမှာ။ မင်းသားထွက်သွားရင် ကြင်ယာတော်က လာခေါ်တော့မှာ။

ထင်သည့်အတိုင်းပင် ကြင်ယာတော်ရဲ့ အစေခံက လာပြီး ‌သူ့ကို လာခေါ်သည်။ ရှန်ယုဒူးက အပ်တွေကြောင့် ကောင်းကောင်းမလျှောက်နိုင်။ သူ့ကို အစေခံနှစ်ယောက်က လာပြီူ ဆ္ဲခေါ်သွားသည်။

"ကြည့်စမ်း မင်းသားက မင်းနဲ့ ဘယ်လောက်တောင် အိပ်လိုက်တာလဲ?"

ကြင်ယာတော်က ရှန်ယု မေးကြိ တင်းတင်း ဆွဲလိုက်သည်။

"အရှက်မရှိတဲ့ဟာမ!"

Silent Lover (novel)Where stories live. Discover now