အပိုင်း (၁၂) မိန်းမပျက်

1.9K 168 1
                                    

Unicode Version

လီကျင်းအဆောင်မှာတော့ ကြင်ယာတော်ရဲ့ လက်တွေခြေထောက်တွေကို အစေခံတွေက နင်းနယ်ပေးနေသည်။

ကြင်ယာတော်ရဲ့ပုံက သက်သာသ‌ဘောကျနေသလို မဟုတ်။ ရက်ကနေ ရေခဲဖြစ်သွားသလို အေးစက်နေသည်။

တစ်လလုံး မင်းသားက သူမဆီကိုမလာ။ လေ့ကျင့်ရေးစခန်းက ပြန်လာရင် ရှန်ယုဆီကိုပဲ သွားသည်။ မင်းသားကို သူမ ဖမ်းတောင်မမိ။

"သေလောက်အောင်ကို စိတ်တိုတယ်! အဲဒီဟာလေးကို ယူပြီးကတည်းက ငါ့ကို တချက်လေးတောင် မကြည့်ဘူး! သူငါ့ကို မထိတာ တစ်လတောင်ကျော်နေပြီ! ငါ မင်သမီး ဒိုင်ရိုကို ကြင်ယာတော်မှန်း သတိမှ ရသေးရဲ့လား?

အစေခံ ချီလော့က ဝင်ပြီး ထောက်ခံစကားပြောသည်။ "မင်းသမီး မင်းသားကို အပြစ်တင်လို့မရဘူးလေ။ အပြစ်တင်ချင်ရင် ဟို မြေခွေးလိုတစ်ယောက်ကိုသာ အပြစ်တင်သင့်တာ။ သူက မင်းသားကို ပြုစားထားတာထင်တယ်!"

"ငါသိတာပေါ့!" လို့ ကြင်ယာတော်က ဒေါသတကြီး ပြောလိုက်သည်။ "အရင်တုန်းကလည်း အရှင့်သားက ဒီလို မိန်းမပျက်တွေကို ယူထားဖူးလို့ မပြောပဲနေနေတာ။ ပြီးတော့ အရှင့်သားက သူပျင်းသွားရင် အသစ်မြင် အဟောင်းပစ်တာပဲလေ။ အရင်ကဆိုရင် အခုလို အကြာကြီး‌မဆော့ဖူးဘူး။ ဒီအ, အနဲ့မှ ဘာဖြစ်နေမှန်းကို မသိဘူး။ တစ်လတောင်ရှိနေပြီ။ အရှင့်သားက နေ့တိုင်းအဲ့ကောင်မအနားမှာပဲနေနေတာ! သူမပျင်းသေးဘူးထင်တယ်။ ဒီလိုဆိုရင်တော့ ကြင်ယာတော်နေရာက ငါ့ဆီကနေ သူ့ဆီကို ရောက်တော့မှာ!"

ချီလော့ ထပ်မပြောရဲသူမကိုသာ နှစ်သိမ့်နေသည်။ "မင်းသမီးလေးရယ် မြေခွေးလိုဟာမကြောင့် စိတ်မတိုပါနဲ့။ မထိုက်တန်ပါဘူး"

"ဘယ်လို့ ထိုက်တန်တယ် မထိုက်တန်ဘူးဆိုတဲ့စကားက ပါလာရတာလဲ? ဒီလို ပြဿနာကောင်မ မိန်းမပျက်ကို ဆက်ထားရမှာလား?"

ကြင်ယာတော်က လက်ဖက်ရည်ကို အဝသောက်လိုက်သည်။ သူမ လျှာကျက်ကာ ထွေးထုတ်ပြီး 'အား!" ဆိုပြီး ဒေါသတကြီး အော်လိုက်သည်။ ခွက်ကိုပါ ပစ်ချ ခွဲလိုက်သည်။

Silent Lover (novel)Nơi câu chuyện tồn tại. Hãy khám phá bây giờ