အပိုင်း (၄၂) တိုက်ခိုက်ခံရခြင်း

765 83 11
                                    

Unicode Version

"အသုံးမကျတဲ့ ကျွန်!"

မင်းသမီးက ယဥ်ကျေးစွာ ဆက်ဆံလေ့မရှိသော ဆုန်ကျွင်းကို ဘယ်တော့မှ မနှစ်သက်ခဲ့ချေ။ သူမက ကြာပွတ်ကို မြောက်ကာ ရိုက်ချလိုက်သည်။

သူမက အမျိုးသမီးဖြစ်နေကာ အင်အားမရှိတာကြောင့် မျက်လုံးလျှင်ပြီး လက်မြန်သော ဆုန်ကျွင်းက ကြာ ပွတ်ကို မြန်မြန်ဆန်ဆန်ပင် ဖမ်းလိုက်သည်။

"ဒီလက်အောက်ငယ်သားက အရှင့်ရဲ့ လက်အောက်ငယ်သားပါ။ နန်းတော်ရဲ့ ကျွန် မဟုတ်ပါဘူး။ ကျနော် အရှင့်အမိန့်ကိုသာ နာခံပါတယ်။ ကျနော်က စစ်သည်တော်တစ်ယောက် လိုက်နာရမယ့် စည်းကမ်းကိုပဲ လိုက်နာပါတယ်။ အကယ်၍ မင်းသမီးက ဒေါသကို ပုံချချင်တယ်ဆိုရင်တော့ လူ‌ရွေးမှားသွားပါပြီ။"

ဆုန်ကျွင်းက မဆုတ်မလွန် ပြောကာ ကြာပွတ်ကို လွှတ်လိုက်သည်။

မင်းသမီး အလွန်ဒေါသထွက်သွားကာ မူးဝေလာသော်လည်း ကြာပွတ်နှင့် ထပ်ရိုက်ရန် သတ္တိမရှိချေ။ ဆုန်ကျွင်းက စစ်သည်တော်ဖြစ်တာကြောင့် မင်းသမီးတစ်ပါး၏ အမျက်ဒေါသကို လက်ခံစရာ မလိုအပ်ချေ။ သို့သော် သူ၏ အနေအထားကြောင့် လေးစားသော စိတ်ဓာတ်ကို ထိန်းသိမ်းထားသည်။

"နင်က ငါ့ကို ဆုံးမရဲတယ်ပေါ့!" မင်းသမီးက အော်လိုက်သည်။ "ဧကရာဇ်အကိုတော် မြင်လား? ရှန်ယုက ဘာပညာမှ မတတ်ပေမဲ့ ယောကျ်ားတွေကို ဘယ်လိုမျိုး ဆွဲဆောင်ရမယ်ဆိုတာကို ကောင်းကောင်းသိတယ်။ ကြည့်ပါဦး ကျွန်တစ်ယောက်ကတောင်မှ သူ့ကို ကူညီနေတယ်။ ဧကရာဇ်အကိုတော် အရှေ့မှာတောင်မှ ဒီလိုဖြစ်နေတာ။ အကိုတော်သာမရှိရင် ဒီကျွန်နဲ့ သခင်က ကျမခေါင်းပေါ်မှာပါ တက်ထိုင်တော့မယ်"

"တိုင်ရို ငါ့ကို ပြဿနာမပေးနဲ့"

ရှောင်ဇီယဲ့က ပို၍ အေး‌စက်နေကာ ချန်ပိုင်ဝမ်ဘက်သို့ လှည့်လိုက်သည်။

"ရွှမ်းရှောင် တိုင်ရို နန်းတော်မှာ ရှိတုန်းက ငါနဲ့ မယ်တော်နဲ့ သူမကို အရမ်းအလိုလိုက်ထားမိတယ်။ ဒါကြောင့် စိတ်ထဲ သိပ်မထားပါနဲ့။" ရှောင်ဇီယဲ့က စကားလမ်းကြောင်းလွှဲကာ "မြင်းစီးသင်ပေးနေတဲ့အခါ ထိမိတာက သာမန်ပဲမလား? ပြီးတော့ နှစ်ယောက်လုံးက ယောကျ်ားလေးတွေပဲလေ။ နည်းနည်းရင်းနှီး‌ရင်တောင်မှ ဘာဖြစ်လဲ? မနက်ခင်း ရှန်ယုအခန်းထဲမှာ အိပ်ရာထလို့ ဖိနပ်တွေ ခြေအိတ်တွေ မှားဝတ်မိရင်‌တောင်မှ သူဖောက်ပြန်တယ်ဆိုတာကို ဖမ်းမိတယ်ဆိုတာက ဖြစ်နိုင်ပါ့မလား? တိုင်ရို ရွှမ်းရှောင် စိတ်ဓာတ်သေးသိမ်တယ်လို့ မထင်နဲ့လေ"

Silent Lover (novel)Where stories live. Discover now