အပိုင်း (၆၅)

1.2K 87 5
                                    

Unicode Version

အပိုင်း (၉၇) ယွမ်မင်မိသားစု

ရှောင်ဇီယဲ့က ရှန်ယု ‌အတွေးလွန်နေသည်ကို တွေ့သောအခါ သူ၏ စိတ်က မြောက်ပိုင်းပြည်သို့ ရောက်နေသည်ကို သိလိုက်ရသည်။

"ယုအာ..."

ရှောင်ဇီယဲ့က အနားသို့ သွားကာ ရှန်ယု၏ နူးညံ့သော ကိုယ်ကို ကိုင်လိုက်သည်။ သူ၏ လက်က နည်းနည်း အေး‌နေကာ အနည်းငယ် တုန်သွားသည်။ ရှောင်ဇီယဲ့က ထိုအပြုအမူကြောင့် နာကျင်သွားရသည်။ ထိုအရာမှ ကျွင်းရွှမ်ရှောင် လက်ချက်ကြောင့် ဖြစ်သည်။ ရှန်ယုတွင် အချိန်ကြာသည်အထိ မပျောက်သေးချေ။ ရှောင်ဇီယဲ့သည် ထိုအရာကို မြင်တိုင်း ရင်ထဲ ချဥ်စုတ်သွားသည်။

ရှောင်ဇီယဲ့သည် ထိသာ ထိလိုက်သော်လည်း ရှန်ယုအတွက် အဆိပ်ရှိသော မြွေတစ်ကောင် ကိုက်သွားသလိုပင် ချက်ချင်း လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"မင်း သူ့အကြောင်းကို စဥ်းစားနေတာလား?" ရှောင်ဇီယဲ့က ‌မကျေနပ်စွာ မေးလေသည်။

အခုအချိန်အတွင် ဧကရာဇ်ယဲ့က ရှန်ယုအား အရင်အချစ်ဇာတ်လမ်းအကြောင်း မေးရန် ချန်ပိုင်ဝမ်အကြောင်း မေးရန် ဖိအားမပေးခဲ့ချေ။ အခုက ပထမဆုံးအကြိမ် ဖြစ်သည်။

ရှန်ယုက မဖြေချေ။ သို့သော် သူ့မျက်လုံးထဲမှ အမှောင်ထုက အရာအားလုံးကို ‌ရှင်းပြပြီးသား ဖြစ်သည်။

ရှောင်ဇီယဲ့ မနာလိုမှုကို ဖုံးကွယ်ကာ "မင်း ‌ရွှမ်းရှောင်အကြောင်း တွေးစရာမလိုပါဘူး။ သူက မင်းကို ကောင်းကောင်း မဆက်ဆံခဲ့ဘူးလေ"

ရှန်ယု သူ့လက်ကို ဆုတ်ခြေနေမိသည်။ သူတောင်မှ ချန်ပိုင်ဝမ် သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့လား မဆက်ဆံခဲ့လား မသိချေ။ ဧကရာဇ်ယဲ့က ဘယ်လိုသိတာလဲ?

"သူက မင်းကို ခြံထဲမှပဲ ပိတ်လှောင်ခဲ့တယ်လေ။ အပြင်က သူစိမ်းတွေကိုလည်း အနားကို အကပ်မခံခဲ့ဘူးလ။ ဘာကြောင့်လဲဆိုတော့ သူက မင်းကို တားမြစ်ထားတဲ့ကလေးလို သဘောထားပြီး တခြားသူတွေ မင်းကို ခေါ်သွားမှာကို ကြောက်နေတာ။ မင်းက ယွမ်မန်ရဲ့ မျိုးဆက်ဆိုတာကို တခြားသူတွေ သိသွားမှာ ကြောက်နေခဲ့တာ"

Silent Lover (novel)Where stories live. Discover now