အပိုင်း (၁၇) နောက်တစ်ယောက်?

1.8K 164 0
                                    

Unicode Version

မင်းသားလိုလူမျိုးက အလိုမကျရင် စိတ်တိုတတ်တဲ့သူ။

အိပ်ရာပေါ်က ရှန်ယုရဲ့ပုံက သူ့ကို စိတ်ညစ်စေသည်။ သူအလိုကျဖို့ပဲ လောဘကြီးကာ ရှန်ယု နာကျင်နေပေမဲ့ သူလျစ်လျူရှုလိုက်သည်။

ရှန်ယုက မင်းသားရဲ့အောက်မှာ အဖိခံထားနေရသည်။ မင်းသားကြောင့် သာယာနေမိသည်။

"ငါကို ကြည့်စမ်း"

မင်းသားက အလိုမကျသဖြင့် ပုံစံပြန်ပြောင်းလိုက်သည်။ သူက ရှန်ယု၏ သနားစရာကောင်းတဲ့ပုံကို ကြည့်ရတာ ကြိုက်သည်။

ဒါပေမဲ့ ရှန်ယုကို ကြည့်ရတာ တမျိုးဖြစ်နေသည်။ အားနည်းနေပြီး မျက်နှာက ဖြူဖျော့နေသည်။ အရေပြားပေါ်က အကြောတွေကိုပင် မြင်နေရသည်။

မင်းသား၏ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပုံက ရှန်ယုကို အော်မိစေကာ သူ့အတွက် စိတ်အနှောက်အယှက် ဖြစ်သွားသည်။

ရှန်ယုက ခေါင်းမော့ကာ အော်မိတော့ လည်ပင်းက ပေါ်လာသည်။ ထိုအခါမှ ရှန်ယု သွေးတွေအန်နေမှန်း မင်းသားသိသွားသည်။

ရှန်ယု သတိလစ်သွားပြီး မင်းသားက အသက်ရှူသံကို စစ်ဆေးနေသည်။ အသက်ရှူသံမှာ အရမ်းကို ပျော့နေသည်။

သမားတော် ဖိန်ရှိစိသည် ကြင်ယာတော်၏ သမားတော်။ အရင်တုန်းက သူမဝေးပြီး အေးစက်တဲ့နေရာကို သွားတော့ ကြင်ယာတ်ေနဲ့အတူ လိုက်လာရမှာကို ကြောက်နေခဲ့ကြသည်။ ဖိန်ရှိစိကပဲ သူမနဲ့အတူ လိုက်လာခဲ့သည်။

မင်းသားက ရုတ်တရက် အစေခံကို ပို့လိုက်သည်။ မနေ့က မင်းသားအိပ်ရာမှာ လူတစ်ယောက် သတိလစ်နေလို့တဲ့။ လူကသေခါနီးပြီ။ မင်းသားက သူ့ကို ခေါ်ပြီး ကုသစေချင်သည်။

ဖိန်ရှိစိကြားမိတော့ ရယ်မိလိုက်သည်။

"ဝါး နောက်ထပ်တစ်ယောက် သေပြန်ပြီ"

ဖိန်ရှိစိက အမိန့်ကြောင့် ဆေးတွေကို ယူကာ ဝေါယာဉ်ပေါ် တက်လိုက်သည်။

မင်းသားကြောင့် တစ်ယောက်ယောက်က သေတာက မထူးဆန်းဘူး။ ဖိန်ရှိစိက အခြေအနေကို ရိပ်မိသည်။ အခုလိုမျိုးကြောင့် သူအခေါ်ခံရတာ မနည်းတော့။

Silent Lover (novel)Where stories live. Discover now