အပိုင်း (၁၅) ရုန်းကန်ခြင်း

1.8K 157 3
                                    

Unicode Version

"မင်းအမှားလုပ်ထားတယ်ဆိုတာကို ငြင်းချင်နေတုန်းပဲလား? ဟင်?"

မင်းသားက မျက်ခုံးပင့်ကာ မေးလိုက်သည်။

သူအခန်းထဲဝင်လာတော့ ရှန်ယုက အိပ်ရာပေါ်မှာ လေးလေးပင်ပင်နဲ့ လှဲနေကာ သူ့ကိုတောင် အရင်လို အပြုံးဖြင့် နှုတ်မဆက်။

"ဘာလဲ? ရှန်ယုကို ဆိုးဆိုးဝါးဝါး ဆက်ဆံမိလို့ စိတ်ကောက်နေတာလား? သူရဲ့ ကြမ်းကြမ်းတမ်းတမ်းအပြုအမူတွေကို မခံနိုင်လို့လား? သူကို အပြစ်ပေးလို့ အပြစ်တင်နေတာလား?"

မင်းသားကို ဘယ်သူမှ အာမခံရဲ။ ဒါပေမဲ့ ရှန်ယုက သူ့ကို ဂရုမစိုက်လုပ်နေတာကို မြင်တော့ မင်းသားဒေါသထွက်သွားသည်။ အခုတောင်မှ ရှန်ယုက မျက်စိမှိတ်ပြီး အိပ်နေတာလား?

"ထစမ်း!"

မင်းသားက ရှန်ယုရဲ့ အဝတ်ကို ဆွဲကာ သူနားကို ခေါ်လိုက်သည်။

ရှန်ယုက သိပ်သတိမရသေး။ သူဟာ အိပ်ချင်နေပြီး သူ့ကိုယ်ကလည်း အရမ်းကို နာကျင်နေသည်။ သူမနေနိုင်တော့ပဲ မျက်စိမှိတ်ကာ ပြန်အိပ်ပျော်နေသည်။ မင်းသားက အော်လိုက်တော့ သူနှလုံးရပ်မတပ် လန့်သွားသည်။

"ဘာလို့ ငါပေးတဲ့ အကျီကို မဝတ်ထားတာလဲ?"

"ဘာလို့လဲဆိုတော့ ကြင်ယာတော်က မကြိုက်လို့ မီးရှို့ပစ်လိုက်တာ" လို့ ပြောချင်ပေမဲ့လည်း လက်မြောက်ဖို့တောင် အားမရှိ။ သူ့ခေါင်းငိုက်ဆိုက်ကာ တစ်ဖက်ကို လှည့်သွားသည်။

မင်းသားက သူ့ကို အာခံတယ်လို့ ထင်သွားသည်။

"ငါကိုမတွေ့ချင်ဘူးပေါ့? ဟ ကြည့်ရတာ ငါအလိုလိုက်တာ များသွားပြီထင်တယ်။ မင်းက ငါ့ရဲ့ ကစားစရာပဲ။ မင်းက လှလို့သာ ငါကြည့်နေတာ။ မင်းအဆင့်ကို မင်းသိ!"

ရှန်ယုက မင်းသားနဲ့ ယှဉ်လိုက်ရင် မြူမှုန်လိုပဲဆိုတာကို သိသည်။

သူ့သခင်ကို ပြုစုဖို့သာ သူအသက်ရှင်နေရသည်။

ရှန်ယုက မင်းသားရဲ့လက်ချောင်းများကို လျှာနဲ့လျက်လိုက်သည်။ တစ်ကိုယ်လုံးမှာ လျှာကိုသာ လှုပ်နိုင်သည်။

Silent Lover (novel)Where stories live. Discover now