အပိုင်း ၃၄ : ကိုယ်မင်းကို လိုချင်တယ်

1.6K 116 0
                                    

Unicode Version

ရှန်ယု ထိုကဲ့သို့ မှော်ဆန်သောနေရာကို မမြင်ဖူးဘူး။ အဆောင်ထဲမှာက ရေပူစမ်းရှိနေကာ တစ်နှစ်ပတ်လုံး ပူနွေးနေသည်။ အေးခဲအောင် ချမ်းသောအပြင်ကထက် အထဲက အရမ်းကို သက်တောင့်သက်သာ ဖြစ်လွန်းသည်။

"ဒီရေပူစမ်းကို အရင်အုပ်ချုပ်ခဲ့တဲ့သူက ဆောက်ထားတာ။ ငါက ဒီကို မလာတော့ ဒီနေရာကို ထိန်းသိမ်းဖို့ လူနှစ်ယောက် သုံးယောက်ပဲ ထားထားတာ။ သုံးဖြစ်မယ်လို့တောင် မထင်ထားဘူး"

ရှန်ယုက အစွန်မှာထိုင်လိုက်ကာ ရေကို ကိုင်ကြည့်နေသည်။ နွေးတယ်။ ပြီးတော့ ဆေစနံ့လည်း ရတယ်။

"မင်းလက်ကို အခုလေးတင်မှ ဆေးထည့်ထားတာလေ မစိုစေနဲ့နော်။ မင်းကို အကျီကူချွတ်ပေးမယ်"

ရှန်ယု၏ဖိနပ်ကို ချွတ်ပေးရန် ချန်ပိုင်ဝမ်က ထိုင်လိုက်သည်။ ရှန်ယုက လန့်ကာ နောက်ကိုပြုတ်ကတခါနီး ချန်ပိုင်ဝမ်က လက်ကို ဖမ်းဆွဲလိုက်သည်။

"မလှုပ်နဲ့လေ" ချန်ပိုင်ဝမ်က မျက်မှောင်ကျုံ့ကာ ကြည့်လိုက်သည်။ ကြောက်စရာကောင်းရမဲ့အစား သူပုံက ပိုပြီး နူးညံ့နေသည်။ ချန်ပိုင်ဝမ်က ရှန်ယု ခြေအိတ်နှင့် ဖိနပ်ကို ချွတ်လိုက်သည်။ ခေါင်းကို အောက်ငုံ့ထားသော သူ့ကို ကြည့်နေကာ ရှန်ယု တစ်ကိုယ်လုံး နွေးထွေးသွားလို ခံစားနေရသည်။ သူက လူအသက်ကို နှစ်ခါပြန်မတွေးပဲ သတ်ပစ်နိုင်တဲ့ ချန်ပိုင်ဝမ်လား? သူက သာမန်ချစ်ခင်တတ်တဲ့ ခင်ပွန်းတစ်ယောက် ဖြစ်နိုင်တာလား? ချန်ပိုင်ဝမ်က ရှန်ယုခြေထောက်ကို စနောက်ကာ ကလိယားထြိးလိုက်ပြီး မရယ် ရယ်အောင် လုပ်နေသည်။

ချန်ပိုင်ဝမ်က မစနောက်တော့ဘဲ ရှန်ယုကို သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်။

"ဟဟဟ ယုအာ မင်းကိုယ်က အရမ်းကို ဆက်ဆက်ထိမခံနိုင်တာပဲ။ တစ်ချက်လေး ထိတာနဲ့ ပြန်ပြီးတော့ တုန့်ပြန်နေပြီ"

ရှန်ယုက သူ့ကို စိုက်ကြည့်နေသည်။ သူကပဲ စသေးတယ်။ အခုတော့ သူ့ကို ပြန်ပြောနေတယ်?

"လာပါ‌ဦး ထပ်ပြီး ထိချင်လို့"

ချန်ပိုင်ဝမ်က သူ့ဆီက ခွင့်ပြုချက်ကို တောင်းနေတာမဟုတ်။ သူ၏စနောက်ချင်နနေသော လက်က ရှန်ယု၏ဘောင်းဘီကို ဆွဲချွတ်ပြီးသား။ အခုတော့ ရှန်ယုက အသားတုကို ချွတ်ထားတာဆိုတော့ ချန်ပိုင်ဝမ်၏လက်တွေနှင့် တိုက်ရိုက်ထိနေသည်။ သူ့ကိုယ်သူ ဒီလောက် ဆက်ဆက်ထိမခံ‌ဖြစ်နေမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ လက်နက်ကို အချိန်အတော်ကြာကိုင်လာသော ချန်ပိုင်ဝမ်၏ လက်များက အနည်းကယ် ကြမ်းနေသည်။ ထိုအထိအတွေ့က ရှန်ယုတစ်ကိုယ်လုံး ပျော့ခွေ‌သွားစေသည်။

Silent Lover (novel)Where stories live. Discover now