အပိုင်း (၂၄) စာရေးသင်ခြင်း

1.6K 163 0
                                    

Unicode Version

အကျဉ်းထောင်ထဲမှ အော်သံတွေကို ကြားနေရကာ ချီလော့ တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေတော့သည်။ သူမသွေးတွေက အောက်မှ ရေထဲကို တစက်စက်ကျနေကာ ရေကန်ရှိရေများ အနီရောင်အဖြစ် ပြောင်းသွားကြသည်။ ငရဲလိုပင်။

သူမ မသေ‌နိုင်ပါ။ သူမ သတိလစ်သွားတိုင်း ပြန်နိုးလာသည်။ ရှန်ယုလက်များ အေးစက်ကာ တုန်ယင်နေတော့သည်။ သူနောက်ထပ် မင်းသားရဲ့ ရက်စက်ကြမ်းတမ်းမှုကို မြင်ရပြန်သည်။ လုံးဝကို သက်ညှာမှုမရှိ။ သူ့ရင်ထဲမှာ သတ်ရတာကိုပဲ နှစ်သက်နေသည်။

ရှန်ယု အခုလို သွေးထွက်သံယိုမြင်ကွင်းကို မကြည့်ရဲတော့။ ပိုကာ ကြောက်နေမိသည်။

"ကြောက်လို့လား?"

မင်းသားက ရှန်ယုခေါင်းကိုကာ သူ့ရင်ခွင်ထဲကို ထည့်လိုက်သည်။ ရှန်ယုက မကြည့်ရဲလို့ မျက်လုံးပိတ်ကာ နေသည်။ မင်းသားရဲ့ ရင်ခွင်ကာ ကျယ်ပြန့်ကာ နွေးထွေးသည်။ အခုလို မှောင်မှောင်မဲမဲနေရာမှာ ရှန်ယု နွေးထွေးတဲ့နေရာကိုသာ ရှာနေမိသည်။ သူဆက်မတွေးရဲတော့ပဲ တုန်ယင်ကာ နေသည်။

"ကြောက်စရာမလိုပါဘူး။ သူက မင်းကို သတ်ခဲ့တာ။ ရန်သူသေတာကို ပျော်ရမှာလေ"

ပြင်းထန်တဲ့ အပြစ်ပေးမှုထက်စာရင် ရှန်ယု မင်းသားကို ပိုကြောက်သည်။ မင်းသားက စိတ်ပြောင်းလွယ်သည်။ အခုကျတော့ တည်ငြိမ်နေသည်။

ကြင်ယာတော်ကလည်း။ကြောက်နေကာ မျက်နှာမှာသွေးမရှိတော့။ နှုတ်ခမ်းကလည်း ဖြူဖျော့နေသည်။ ကြင်ယာတော်က စိတ်မထိန်းနိုင်တော့ပဲ အန်ချမိလေသည်။

မင်းသားက ကြင်ယာတော်ဆီသို့ လျှောက်သွားသည်။

"အား! ကျမ မှားမှန်းသိပါပြီ..."

ကြင်ယာတော်က ကြောက်ရွံ့နေကာ ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းခံနေသည်။ အနိုင်ကျင့်တတ်တဲ့ ကြင်ယာတော်က ကြောက်ရွံ့မှုကြောင့် စိတ်များလွတ်ကာ ဒေါသအစား မျက်ရည်များသာ ကျလာသည်။

"ဒီမှာနေပြီး ပြီးအောင်ကြည့်" လို့ မင်းသားက အမိန့်ပေးလိုက်သည်။

Silent Lover (novel)Where stories live. Discover now