အပိုင်း (၆၁)

994 93 9
                                    

Unicode Version

အပိုင်း (၉၃) ကျင်းဟွေလော့ အ‌ေမှာင်စံအိမ်

ချန်ပိုင်ဝမ်သာ ရှန်ယုကို သူ့အနား ရှိ‌စေချင်ရင် ရှန်ယု မပျော်ရင်တောင်မှ သူ အားသုံးပြီး ဖမ်းခေါ်ထားမှာ။ ဘာကြောင့် ဒီလို ကစားရမှာလဲ?

အံကြိတ်ရင်း သူက ဆုန်ကျွင်း၏ စိတ်ပျက်နေသော မျက်နှာကို ကြည့်ကာ ရှင်းပြချင်နေစိတ် ရှိမ‌နေချေ။

"ဒီဝမ်ရယ်က ဘာလုပ်လို့လဲ? ဆုန်ကျွင်း မင်းက ဒီဝမ်ရယ်ရဲ့ လက်အောက်ငယ်သား ရှန်ယုရဲ့  လက်အောက်ငယ်သား မဟုတ်ဘူးဆိုတာကို မမေ့နဲ့။ မင်း ဘယ်သူကို သစ္စာရှိနေရမယ်ဆိုတာကို သိထား"

ဆုန်ကျွင်းက ဦးညွတ်ကာ "ဆုန်ကျွင်းက ချန်ပိုင်တပ်ထဲမှာ မွေးခဲ့ပြီး ဝမ်ရယ်ရဲ့ သူရဲကောင်းဆန်မှုကို လေးစားခဲ့ရတာပါ။ ကျနော် မှတ်မိပါသေးတယ် ဝမ်ရယ်က ရှုန်းနူဝံပုလွေစစ်သား၅၀၀၀၀ကို သတ်ဖို့ ချန်ပိုင်တပ်ကို ဓားတစ်ချောင်းနဲ့  တစ်ညတည်းနဲ့ ရင်ဆိုင်ခဲ့တာကို။ အခုလိုမျိုး အားနည်းတဲ့ လူတစ်ယောက်ကို ဒီလိုနည်းလမ်းတွေ အသုံးပြုနေတာက...."

"ဆုန်ကျွင်း" ချန်ပိုင်ဝမ်၏ မျက်လုံး၌ အေးစက်သော အရိပ်များ ထွက်ပေါ်နေကာ "မင်း ဒီလိုနည်းနဲ့ ဒီဝမ်ရယ်ကို စိတ်ဆွစရာမလိုဘူး။ ဒီဝမ်ရယ်က သူရဲကောင်းဆန်ဆန် ရန်သူတွေကို သတ်နိုင်တယ်ဆိုတာမျိုးကို ဂရုစိုက်မနေဘူး။ အခု ငါ တုံးအတဲ့လူတွေက ငါ့ကို သွေးအေးရက်စက်ပြီး ကြောက်စရာကောင်းတယ်လို့ ပြောလည်း ဂရုစိုက်မနေဘူး။"

........................................................

ရှန်ယု အိမ်တော်ထဲသို့ကြည့်ကာ ဆုန်ကျွင်း ပြန်ထွက်လာမည်ကို စောင့်နေသည်။ ရင်ထဲက အပူက တဖြေးဖြေး ပိုကြီးလာလေသည်။

အခု ရှန်ယုက ကြီးမြတ်သော ချန်ပိုင်ဝမ်‌ေရှ့၌ မည်မျသေးငယ်သည်ဆိုသည်ကို သတိထားမိလေသည်။ သူ့ခြေလက်များက တဖြေးဖြေး ထုံကြင်လာသည်။ သူက သူ့အတွက်လည်း အသုံးဝင်မနေပါ။ ဘာကြောင့် ချန်ပိုင်ဝမ်က သူထွက်သွားမည်ကို ခွင့်မပြုသနည်း? သူက မောပန်းစွာ တုန်ယင်လာပြန်သည်။ အခုတော့ သူ၏ တစ်ဦးတည်းသော ဆွေမျိုးသားချင်းကိုပင် အဝေးသို့ ခေါ်ဆောင်သွားကြလေသည်။ သူဘာများ ထပ်စွန့်လွတ်ရဦးမည်နည်း?

Silent Lover (novel)Onde as histórias ganham vida. Descobre agora