အပိုင်း (၄၁) မြင်းစီးသင်ချင်တယ်

777 78 11
                                    

Unicode Version

ရှောင်ဇီယဲ့က ခြောက်ကပ်ကပ် ရယ်လိုက်ကာ

"ဟဟဟဟ ရွှမ်းရှောင် မင်းရဲ့မြားပစ်စွမ်းရည်က ပိုပိုပြီးတော့ ကောင်းလာတယ်" 

ချန်ပိုင်ဝမ်က ကြွားဝါမှု မရှိပဲ

"ကြည့်ရတာ အစောကတည်းက အင်ပါယာက မြားပစ်မကျင့်ဖြစ်တာဖြစ်မယ်။ နောက်တစ်ခါ ထပ်ပြိုင်ရင်တော့ အရင်လို မျှတတဲ့ပြိုင်ပွဲ မဖြစ်တော့မှာစိုးတယ်"

ထိုအရာကို ကြားပြီးနောက် ရှောင်ဇီယဲ့အပြုံးက ပျောက်ရှသွားလေသည်။

"ဟုတ်တယ် ဟုတ်တယ် မင်းသာ ငါ့ဘက်မှာ ရှိနေရင် ငါစစ်မြေပြင်ပေါ်ကို ခြေချစရာမလိုပဲ အေးအေးဆေးဆေးနိုင်နိုင်မှာ"

နှစ်ယောက်သား ငြိမ်သက်သွားကာ အတွေးကိုယ်စီနှင့် မြောနေတော့သည်။

မင်းသမီးက ပျော်ရွှင်စွာဖြင့် မြင်းပေါ်မှ ဆင်းကာ ချစ်မြတ်နိုးစွာနှင့် ခရမ်းရောင်သားကောင်ကို ဖက်လိုက်သည်။

"အကိုတော် အရှင့်ရဲ့မြားက သားကောင်ကို ထိသွားတယ်။ ခေါင်းကို ထိတာ။ ဒါကြောင့် ခဏနေ သားကောင်အပြည့်ရတော့မှာ"

ချန်ပိုင်ဝမ်နှင့် ရှောင်ဇီယဲ့တို့၌ မတူညီသော ခမ်းနားမှုများ ရှိလေသည်။ တစ်ယောက်က သန်မာပြီး သူရဲကောင်းဆန်ကာ နောက်တစ်ယောက်က ကျက်သရေရှိကာ တင့်တယ်သည်။ တက်ကြွပြီး အပူအပင်ကင်းသော မင်းသမီးပါလျှင် သူတို့သုံးယောက်သည် ဆောင်းရာသီအမဲလိုက်ပွဲ၏ အကောင်းဆုံး ပုံရိပ် ဖြစ်လေသည်။

ရှန်ယုက ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်ကာ လိုက်ကာကို ချလိုက်သည်။

ချန်ပိုင်ဝမ်၏ စိတ်ဝင်စားမှုကို သူမရနိုင်တော့မည် ထင်သည်။ သူ ဘာကို သိသနည်း? ရေခပ်, ထင်းခုတ်, မြင်းစာကျွေး? ရှန်ယု သူ့ကိုယ်သူ ဟားတိုက် ရယ်ချင်မိသည်။ ချန်ပိုင်ဝမ်နှင့် သူတို့သည် ဤမြေရှိ ဂုဏ်သရေအရှိဆုံးသူများ ဖြစ်ကြသည်။ သို့သော်ငြား သူက နိမ့်ကျသော အစေခံတစ်ယောက်သာ။ သို့သော် လည်း သူ ချန်ပိုင်ဝမ်ကို ပြုစုချင်သည်။ သူတို့နှင့် သွားစကားပြောလျှင် ကောင်းပါ့မလား? 

Silent Lover (novel)Where stories live. Discover now