အပိုင်း (၂) ခန့်ညားသော မကောင်းဆိုးဝါး

3.2K 296 2
                                    

Unicode version

ရှန်ယုသည် ထိုလူမှာ ဘယ်လိုမျိုးသူ ဖြစ်မယ်ဆိုတာကို မစဉ်ူစားပဲ မနေနိုင်_ ရှင်ကျင်းမြောက်ပိုင်းကို ဖြတ်ကျော်နိုင်သော ငရဲဘုရင် ဘယ်လိုရုပ်မျိုး ရှိတာလဲ။

သူသေချာပေါက် ကြောက်စရာကောင်းသည် ထင်သည်။

ငရဲဘုရင်မှာ မျက်လုံးအနက်ရောင် သရဲကိုပင် ခြောက်လန့်နိုင်သော မျက်နှာ ရှိသည်ဟု ပြောကြသည်။

သတို့သမီးခေါင်းဆောင်းကို မလိုက်သည်။

ကြောက်မိသောကြောင့် ရှန်ယု မျက်လုံးမှိတ်မိလိုက်သည်။

သူမေးကို လက်တစ်ဖက်က အားနှင့် ကိုင်လိုက်သည်ကို ခံစားရသည်။ လက်မှာ နူးညံမနေပဲ ကြမ်းတမ်းနေသည်။ မင်းသားသည် စစ်မြေပြင်၌ လက်နက်များကို ကိုင်နေသောကြောင့် ဖြစ်မည်။

လက်ချောင်းက သူ့ညာဖက်ပါးကို ပွတ်သပ်လိုက်သည်။

"အာ! ကျင်းတိုင်းပြည်ရဲ့ နံပါတ်တစ် အလှပဂေးပဲ။ စိတ်ဝင်စားစရာပဲ။"

အသံသည် အရမ်းအောပြီး စစ်ပွဲဗုံကဲ့သို့ ဖြစ်ပြီး စကားပြောတိုင်း အရက်နံ့ထွက်ကာ ရှန်ယုမျက်နှာကို ထိခတ်နေသည်။ ရှန်ယု ထင်ထားသလိုမဟုတ်ပဲ အရက်နံ့မှာ နည်းနည်းသာရသည်။

ကိုယ်လုပ်တော်နှင့် လက်ထပ်ထားသောကြောင့် သူမျက်နှာကို သစ်ထားပြီး ပါးစပ်ကိုလည်း သန့်ရှင့်ရေး လုပ်ထားသည်။

ရှန်ယုတွေးသာ တွေးနေပြီး တခြားသူကို ကျေနပ်အောင် လုပ်နိုင်မနိုင်မသိပေ။

"ငါကို မကြည့်ရဲဘူးလား?"

ရှန်ယု ကိုယ်ကို ကျုံမိလိုက်ပြီး စိတ်လှုပ်ရှားနေသည်။

မြောက်နန်းဆောင်မင်းသားက သူ့ရှေ့က ပိန်ပိန်သေးသေး ၁၇ ၁၈သာ ရှိသေးသော အလှ‌လေးကို ကြည့်ပြီး သေးကွေးသော်လည်း ရင့်ကျက်ပုံရသည်ဟု တွေးနေသည်။

မျက်နှာမှာ ရှင်းသန့်ပြီး တောင်ထိပ်က မထိရသေးသော နှင်းစက်လို အပြစ်ကင်းသော အဖြူရောင် ကျောက်စိမ်းရုပ်တုနဲ့ တူသည်။ သတို့သမီး ဖီးနစ်ငှက် ဝတ်စုံနှင့် အကျီအနီက ဖယောင်းတိုင်အလင်းအောက်မှ သူ့အသားကို နှင်းဆီရဲရဲလေးဖြစ်အောင် လုပ်နေသည်။ အလင်းသည် သူ့ရဲ့ လှပတဲ့ကို ဖော်ပြပေးနေသည်။

Silent Lover (novel)Where stories live. Discover now