အပိုင်း (၇) သန်းခေါင်ယံတေး

2K 206 2
                                    

Unicode version

မင်းသားက တစ်သက်လုံး မြင်းစီးတယ်။ စစ်သားတွေကို လေ့ကျင့်ပေးတယ်။ ညကျရင် ရှန်ယုဆီကိုပဲ သွားတယ်

သူက ကစားစရာပင် ဖြစ်သော်လည်း ရှန်ယုကို စိတ်ဝင်စားသည်ထက် ပို၍စိတ်ဝင်စားလာသည်။

"ဆွံ့အနေတဲ့သူ... ဒီကမ္ဘာပေါ်မှာ ပြည့်စုံနေတဲ့သူ မရှိတော့ဘူးလား?"

မင်းသားက ရှန်ယုမျက်နှာကို ကိုင်ကာ အသာလေး ပွတ်သပ်လိုက်သည်။ သူ့မျက်နှာက သူ့ရဲ့ အဖိုးတန်ရတနာလေးလိုပင်။

ရှန်ယုက ငယ်ကတည်းက အကြောက်လွန်ကာ စကားမပြောနိုင်တော့။ မင်းသားက သူ့ကို ဒါကြောင့် မကြိုက်ဘူးဟု ထင်နေသည်။

"မင်းက ထူးခြားတယ်... နတ်ဘုရားက မင်းကို အရမ်းလှတဲ့ အဖြူရောင်ကျောက်စိမ်းလေးလို ဖန်ဆင်းခဲ့တော့ သူများတွေက မနာလိုဖြစ်ပြီး စကားမပြောနိုင်အောင်လုပ်ထားတာ"

မင်းသားရဲ့ အသံအော်အော်နဲ့ ဩဇာညောင်းတဲ့အသံနဲ့ သူ့စကားတွေက ရှန်ယုကို အရမ်းစိတ်ကျေနပ်စေသည်။

သူ့လက်က ရှန်ယု နှုတ်ခမ်းကို ထိခါ ပါးစပ်ထဲထည့်လိုက်သည်။ ပူနွေးစိုစွတ်ပြီး နူးညံ့မှုက မင်းသားကို အိပ်ပျော်အောင်ပင် လုပ်နိုင်သည်။

ရှန်ယုကို သင်ပေးတဲ့ အဖွားက မင်းသားဟာ ဝံပုလွေလို ကျားလို ကြမ်းတမ်းတယ်တဲ့။ သူရဲ့သ‌ဘောကျမှုက ရက်စက်တယ်တဲ့။

အဖွားရဲ့သင်ပေးထားတဲ့အတိုင်း ရှန်ယုက မင်းသားရဲ့လက်ကို လျှာဖြင့် ညင်ညင်သာသာ လျက်ပေးတော့။

"အတွေ့အကြုံမရှိဘူးတနာ်။ မင်းက တကယ်ဆွဲဆောင်နိုင်တဲ့သူပဲ!"

မင်းသားက ရှန်ယုရဲ့ပါးစပ်ကို လက်ချောင်းဖြင့် ဆော့နေသည်။ သူက ရက်စက်တတ်သူဖြစ်ကာ ရှန်ယုကို သေသေချာချာ ကြည့်နေသည်။

မင်းသားရဲ့လက်က ရှန်ယုရဲ့ လည်ချောင်းကိုရောက်တော့ နာကျင်ကာ မျက်ရည်ပင်ကျနေသည်။

သူက အနေရခက်နေသော်လည်း ဟန်ဆောင်ကာ နေသည်။ အဖွားက ယောင်္ကျားလေးတွေက မိန်းကလေးတွေ အနေရခက်နေတာကို မကြိုက်ဘူး။ ပြုံးနေမှသာ ယောင်္ကျားတွေရဲ့နှလုံးကို အပိုင်ရမှာ။

Silent Lover (novel)Where stories live. Discover now