အပိုင်း (၄၄) မထိန်းချုပ်နိုင်သော ခံစားချက်များ

941 85 4
                                    

Unicode Version

ချောက်ကမ်းပါးသည် ကျောက်ဆောင်များ အများအပြားရှိကာ ရှောင်ဇီယဲ့၌ လူတစ်ယောက်ကို သယ်ကာ ပြန်တက်နိုင်သော ခွန်အား မရှိချေ။ သူသည် ဂူတစ်ဂူကို တွေ့ကာ ရှန်ယုကို အထဲသို့ သယ်သွားလေသည်။

အေးစက်နေသော လေပြင်းများသည် ဂူအတွင်းသို့ မရောက်နိုင်သောကြောင့် အထဲ၌ ပို၍ နွေးထွေးနေသည်။

ရှောင်ဇီယဲ့သည် နှင်းများဖြင့် ဖုံးလွှမ်းနေသော မြေပြင်ထက်ရှိ သစ်ကိုင်းတစ်ချို့ကို စုဆောင်းကာ မီးဖိုတစ်ခုကို ပြုလုပ်လေသည်။ ကံကောင်းစွာဖြင့် အရင်က သူနှင့် ကျန်ရွှမ်းရှောင်တို့ တောတွင်းစခန်းချချိန်၌ အသုံးပြုခဲ့သော နည်းလမ်းတို့ကို အမှတ်ရနေသေးသည်။

ရှန်ယုတစ်ကိုယ်လုံး ရေခဲကဲ့သို့ အေးစက်တောင့်တင်းနေသည်။ သေးမျှင်သော နှလုံးခုန်သံကြောင့်သာ မဟုတ်လျှင် သေပြီဟုပင် ထင်ရနိုင်သည်။

ရှောင်ဇီယဲ့သည် သူ၏ အနွေးထည်ဝတ်ရုံကို ရှန်ယုအား ခြုံပေးကာ မီးဖိုနှင့် နီးသော နေရာ၌ အနွေးဓာတ်ရစေရန် ထားထား‌ကာ ‌လက်များကို ပွတ်တိုက်ပြီး အနွေးဓာတ်ရအောင် ပြုလုပ်နေသည်။ ထိုအရာက သက်ရောက်မှု အနည်းငယ် ရှိသည်ကို သိသောအခါ ရှောင်ဇီယဲ့သည် ရှန်ယုကို ရင်ခွင်ထဲ၌ ထည့်ကာ တင်းကျပ်စွာ ဖက်ထားကာ သူ၏ကိုယ်ငွေ့ဖြင့် ရှန်ယုကို နွေးထွေးစေသည်။

ရှောင်ဇီယဲ့သည် သူသိသမျှ နည်းလမ်းအားလုံးကို အသုံးပြုကာ ကြိုးစားလေသည်။ သူ၏ လက်ကို နွေးအောင် ပြုလုပ်ကာ ရှန်ယု၏ အကျီအောက်သို့ ထည့်ရန် စဥ်းစားနေစဥ် သူ၏ လှုပ်ရှားမှုများ ရပ်တန့်သွားလေသည်။

ဘာပဲဖြစ်ဖြစ် ရှန်ယုသည် ယောကျ်ားလေးတစ်ယောက်ပင်။ ရှောင်ဇီယဲ့ သူ့ကို ပထမဆုံးအကြိမ် တွေ့ခဲ့စဥ်၌ လရောင်အောက်မှ အကြည့်တစ်ချက်က သူ့ကို အံ့အားသင့်စေခဲ့သည်။ သူသည် ယောကျ်ားများကို မကြိုက်ပါ။ ထို့အပြင် ထိတွေ့ရမည်ကိုလည်း မနှစ်သက်ချေ။

"ငါက လူကို ကယ်တင်ဖို့ လုပ်နေတာ။ မဟုတ်တာလုပ်ဖို့ တွေး‌နေတာမဟုတ်ဘူး။ ငါ့မှာ အဲ့လိုစိတ် မရှိဘူး။ ဒါက ဘာများမှားနေလို့လဲ?" ရှောင်ဇီယဲ့သည် ခဏကြာ တုန့်ဆိုင်းနေပြီးနောက် သူ့လက်ကို ရှန်ယု၏ အကျီအောက်သို့ ထည့်လိုက်သည်။ ရှန်ယုကို ထိတွေ့နေစဥ် သူ မသက်မသာ ဖြစ်မနေချေ။ ပြီးတော့ ထိုအရာသည် လူတစ်ယောက်၏ သေရေးရှင်ရေးဖြစ်တာကြောင့် သူ့လုပ်ရပ် မှားသည်ဟု မထင်ချေ။

Silent Lover (novel)Where stories live. Discover now