အပိုင်း ၂၈ : ခြိမ်းခြောက်ခြင်း

1.3K 128 1
                                    

Unicode Version

ရှန်ယုကို မင်းသမီးအဆောင်က ခေါ်လိုက်သည်။ ဆုန်ကျွင်းက အကြောင်းသိတော့ ချန်ပိုင်ဝမ်ကို အရင်တင်ပြသည်။

"သူက ယုအာကို ခေါ်လိုက်တယ်?"

ချန်ပိုင်ဝမ်က ဒေါသတကြီး စားပွဲကို ရိုက်ကာ ပြန်မေးလိုက်သည်။ ထို့နောက် မင်းသမီးအဆောင်ကို အမြန်သွားလိုက်သည်။ သူက ရှန်ယု ပြန်ကျန်းမာလာတာကို သည်းခံကာ စောင့်နေခဲ့သည်။ ဒါကိုတောင် ဒီမိန်းမက ထပ်ပြီး ဒဏ်ရာရအောင် လုပ်ရဲတယ်လား? ချန်ပိုင်ဝမ်က မင်းသမီးအဆောင်ကို ရောက်တော့ မင်းသမီးက ရှန်ယုလက်ကို ကိုင်ထားတာကို မြင်လိုက်ရသည်။ သူမက ပြုံးကာ စကားပြောနေသည်။

"ယုအာ!"

ချန်ပိုင်ဝမ်က မင်းသမီးကို တွန်းကာ ရှန်ယုကို ဆွဲလိုက်သည်။ သူက ရှန်ယုကိုယ်ပေါ်၌ ဒဏ်ရာရှိမရှိကို သေသေချာချာ စစ်ဆေးနေသည်။ မင်းသမီး မြေပေါ်ကို လဲကျခါနီး ဖြစ်သွားသည်။ သူမက ဝမ်းနည်းသံနှင့် "အရှင် ရှန်ယုကို တော်ဝင်ကိုယ်လုပ်တော်အဖြစ် မကြာခင် ခန့်အပ်တော့မှာလေ။ မကြာခင်မှာ ကျမတို့က ညီအမတွေ ဖြစ်လာတော့မှာ။ ဘာကြောင့် ကျမက သူ့ကို အနာရအောင် လုပ်ရမှာလဲ? ကျမရဲ့အရင်က အမှားတွေကို နောင်တရနေပါပြီ။ ကျမ သူ့ကို တောင်းပန်ချင်လို့ အခေါ်လွှတ်လိုက်တာပါ။ သူက ကျမကို ခွင့်လွှတ်တယ်။ မယုံရင် သူမကို မေးကြည့်ပါလား?"

ချန်ပိုင်ဝမ်က သူမကို သံသယ ရှိသည်။ ထိုကဲ့သို့ အချိန်အတိုအတွင်းမှာ လူတစ်ယောက်က သူတို့ရဲ့ စရိုက်ကို ပြောင်းဖို့ ခက်ခဲ့သည်။ အစကတည်းက မောက်မာတဲ့ မင်းသမီးက ပမှားကို ဝန်ခံတယ်?

ရှန်ယုက ချန်ပိုင်ဝမ်၏ အကြည့်၌ စိတ်ပူမှုများကို မြင်သောအခါ ပျော်မိသည်။ ထိုအရာက အဖြစ်မှန်ကို ဖြေပေးလေသည်။ မင်းသမီး၏ စကားတစ်လုံးက သူ့အိပ်မက်ကို ဖျက်ဆီးပစ်သည်။ ဒီတစ်ခါတော့ မင်းသမီးက သူ့ကို မနှိပ်စက်။ သို့သော် သူ့စကားတစ်ခွန်းက ရှန်ယုအတွက်တော့ ငရဲလိုပင်။

"ကောလာဟသအရ ရှန်အိမ်မှာ လှပတဲ့ စကားမပြောနိုင်တဲ့ ကောင်လေးတစ်ယောက် ရှိတယ်တဲ့။ သူက ကံဆိုးမှုကို ယူလာတယ်လို့ လူတွေက ပြောကြတယ်။ ဒါကြောင့် သူ့ကို သူ့အမေက ပိတ်ထားခဲ့တယ်။ သူ့ကို ဘယ်သူကမှ မတွေ့ဖူးဘူး။ အိမ်တော်ရဲ့ သမီးက စေ့စပ်ခံရတဲ့အခါမှာ အဲ့ကောင်လေးကို သူမအစားထိုးလိုက်တယ်တဲ့။ ငါဘာပြောနေတာလဲ သိတယ်မလား?"

Silent Lover (novel)Where stories live. Discover now